ပရိတ်သတ်တွေကို ချစ်ခင်အားကျစေခဲ့တဲ့ Nayeon နဲ့ Yeri တို့ကြားက ခင်မင်မှုသံယောစဉ်

ဂျွန်လ ၁၅ ရက်နေ့မှာတော့ Red Velvet အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်တဲ့ Yeri ရဲ့ YouTube reality show ဖြစ်တဲ့ Yeri’s Room ဆိုတဲ့အစီအစဉ်မှာ Twice အဖွဲ့ဝင် Nayeon က ပထမဆုံးဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမှုကို သက်သေပြခဲ့ပါတယ်။

Yeri က Nayeon ကို ပထမဆုံးတွေ့ကတည်းက ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းအဖြစ် ပရိတ်သတ်တွေကို မိတ်ဆက်ပေးခဲ့ပြီး Twice အဖွဲ့ရဲ့ အသစ်ထွက်ရှိထားတဲ့ More and More သီချင်းကိုလဲ အားပေးခဲ့ကာ Nayeon ကလဲ Yeri အတွက် လက်ဆောင်လေးတစ်ခုပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အသက်အရွယ်ကွာဟပေမယ့် မကြာခဏတွေ့ဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ကပ်ပြင်ထားတဲ့ပုံစံနဲ့ မတွေ့ဖြစ်တာတော့ အတော်ကြာပြီလို့ပြောပြီး ရယ်နေခဲ့ကြပါတယ်။ မျက်နှာပြောင်နဲ့တွေ့တယ်ဆိုကတည်းက သူတို့ကြားကရင်းနှီးမှုက တော်ရုံတော့မဟုတ်ပါဘူး။

ပရိတ်သတ်တစ်ယောက်က သူတို့နှစ်ဦးစတင်ခင်မင်ခဲ့ပုံကို မေးတဲ့အခါ Nayeon က “ကျွန်မတို့တစ်ရက်တည်းနဲ့ ရင်းနှီးသွားကြတာ။ ညနေပိုင်းမှာတွေ့ပြီး အတူတူအပြင်သွားခဲ့ကြတယ်။

ကျွန်မကအဆောင်ကို ၁၀ နာရီပြန်ရတာမို့ ၁၀ နာရီထိုးတဲ့အထိ ကျွန်မတို့အဆောင်ရှေ့မှာ စကားတွေပြောခဲ့ကြတယ်” လို့ ဖြေခဲ့ပါတယ်။ သူတို့လေးနှစ်ယောက်ဟာ စတင်ရင်းနှီးခဲ့စဉ်ကစပြီး တစ်ယောက်စိတ်ဓာတ်ကျနေရင် တစ်ယောက်ကနှစ်သိမ့်ပေးတဲ့အပြင် လျို့ဝှက်ချက်တွေကိုလဲ ဝေမျှတတ်ပါတယ်တဲ့။

အမြဲတမ်းလိုလိုနောက်ပြောင်နေကြပေမယ့် လိုအပ်ရင် အကြံဉာဏ်ကောင်းတွေလဲ ပေးတတ်ပါတယ်လို့ ဆိုပါတယ်။ တကယ်ကိုချစ်စရာ အားကျစရာကောင်းတဲ့ သူငယ်ချင်းအစစ်အမှန်တွေပါပဲနော်။

(Zawgyi) ပရိတ္သတ္ေတြကို ခ်စ္ခင္အားက်ေစခဲ့တဲ့ Nayeon နဲ႔ Yeri တို႔ၾကားက ခင္မင္မႈသံေယာစဥ္

ဂၽြန္လ ၁၅ ရက္ေန႔မွာေတာ့ Red Velvet အဖြဲ႕ရဲ့ အငယ္ဆုံးေလးျဖစ္တဲ့ Yeri ရဲ့ YouTube reality show ျဖစ္တဲ့ Yeri’s Room ဆိုတဲ့အစီအစဥ္မွာ Twice အဖြဲ႕ဝင္ Nayeon က ပထမဆုံးဧည့္သည္အျဖစ္ပါဝင္ခဲ့ၿပီး သူတို႔ရဲ့ရင္းႏွီးမႈကို သက္ေသျပခဲ့ပါတယ္။

Yeri က Nayeon ကို ပထမဆုံးေတြ႕ကတည္းက ရင္းႏွီးခဲ့ရတဲ့ သူငယ္ခ်င္းအျဖစ္ ပရိတ္သတ္ေတြကို မိတ္ဆက္ေပးခဲ့ၿပီး Twice အဖြဲ႕ရဲ့ အသစ္ထြက္ရွိထားတဲ့ More and More သီခ်င္းကိုလဲ အားေပးခဲ့ကာ Nayeon ကလဲ Yeri အတြက္ လက္ေဆာင္ေလးတစ္ခုျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အသက္အရြယ္ကြာဟေပမယ့္ မၾကာခဏေတြ႕ျဖစ္ၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မိတ္ကပ္ျပင္ထားတဲ့ပုံစံနဲ႔ မေတြ႕ျဖစ္တာေတာ့ အေတာ္ၾကာၿပီလို႔ေျပာၿပီး ရယ္ေနခဲ့ၾကပါတယ္။ မ်က္ႏွာေျပာင္နဲ႔ေတြ႕တယ္ဆိုကတည္းက သူတို႔ၾကားကရင္းႏွီးမႈက ေတာ္႐ုံေတာ့မဟုတ္ပါဘူး။

ပရိတ္သတ္တစ္ေယာက္က သူတို႔ႏွစ္ဦးစတင္ခင္မင္ခဲ့ပုံကို ေမးတဲ့အခါ Nayeon က “ကၽြန္မတို႔တစ္ရက္တည္းနဲ႔ ရင္းႏွီးသြားၾကတာ။ ညေနပိုင္းမွာေတြ႕ၿပီး အတူတူအျပင္သြားခဲ့ၾကတယ္။ ကၽြန္မကအေဆာင္ကို ၁၀ နာရီျပန္ရတာမို႔ ၁၀ နာရီထိုးတဲ့အထိ ကၽြန္မတို႔အေဆာင္ေရွ႕မွာ စကားေတြေျပာခဲ့ၾကတယ္” လို႔ ေျဖခဲ့ပါတယ္။

သူတို႔ေလးႏွစ္ေယာက္ဟာ စတင္ရင္းႏွီးခဲ့စဥ္ကစၿပီး တစ္ေယာက္စိတ္ဓာတ္က်ေနရင္ တစ္ေယာက္ကႏွစ္သိမ့္ေပးတဲ့အျပင္ လ်ိဳ႕ဝွက္ခ်က္ေတြကိုလဲ ေဝမၽွတတ္ပါတယ္တဲ့။ အျမဲတမ္းလိုလိုေနာက္ေျပာင္ေနၾကေပမယ့္ လိုအပ္ရင္ အႀကံဉာဏ္ေကာင္းေတြလဲ ေပးတတ္ပါတယ္လို႔ ဆိုပါတယ္။ တကယ္ကိုခ်စ္စရာ အားက်စရာေကာင္းတဲ့ သူငယ္ခ်င္းအစစ္အမွန္ေတြပါပဲေနာ္။

source : soompi
written : Dar Dar

Share