တချိန်က နာမည်ကြီးခဲ့သော The Great Queen Seon Deok ဇာတ်လမ်းတွဲကို ပြန်လည်လွမ်းဆွတ်ခြင်း

တကယ်လို့သာသင်ဟာ ၂ဝဝဝ ခုနှစ်ကျော်နှစ်များကတည်းက ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်ခဲ့တဲ့ သူတစ်ဦးဖြစ်မယ်ဆိုလျှင်တော့ ယခုဖော်ပြပေးမည့် The Great Queen Seon Deok ဆိုတဲ့ ဇာတ်လမ်းတွဲကို မသိစရာအကြောင်းကို မရှိနိုင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲဟာ တချိန်ကလူအများကြားတွင် ပြောစမှတ်တွင်စေခဲ့သော ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်နေလို့ပါ။

ဒီဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနန်းတွင်းသမိုင်းရာဝဇင် ရိုက်ကူးထားပြီး သာမန်အမျိုးသမီးငယ်လေးတစ်ဦးမှ ဘုရင်မတစ်ဦးဖြစ်သည်အထိ တွေ့ကြုံခဲ့ရာ ခရီးလမ်းအခက်ခဲများကို အသားပေးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရသော် မင်းသမီးအသားပေး ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။အဆိုပါဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံ၏ သမိုင်းရာဇဝင်ကို ပြည်တွင်းရှိနိုင်ငံသူ၊နိုင်ငံသားများသာမက နိုင်ငံခြားသားများကပါ စိတ်ဝင်စားလာအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်လမ်းတွဲအပြီးမှာတော့ ဘုရင်မ Seon Deok နှင့်ပက်သက်သည့် သမိုင်းကြောင်းများကို လေ့လာချင်သူများပြားစေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၏ ရိုးရာ၊ဓလေ့ထုံးတမ်း၊ အဝတ်အစား၊ ယဉ်ကျေးမှုစသည်တို့ကို သေသေချာပြသသွားနိုင်သော ဇာတ်ကားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ကဲအဲ့ဒါဆို အခုဇာတ်လမ်းတွဲအကြောင်းစပြောရအောင်…. Review👋
ဇာတ်လမ်းတွဲအစမှာတော့ Silla (သျှီလာ) နိုင်ငံတော်၏ ဘုရင် Jinpyeong နှင့် မိဖုရား Maya တို့ဟာ သမီးအမွှာတစ်စုံ မွေးဖွားခဲ့ပါသည်။ နိုင်ငံ၏ အယူအရ သမီးအမွှာမွေးဖွားလျှင် တိုင်းပြည်ပျက်နိုင်သည်ဟု လူအများကထင်ကြပါတယ်။

မိဖုရား Maya သာအမွှာလေးမွေးဖွားခဲ့တာကိုသာ Mishil(မီရှီ) သိလျှင် သူ၏ချစ်ဇနီးနှင့် သမီးနှစ်ယောက်စလုံးပါ အန္တရယ်ရှိနိုင်ကြောင်းကို သိသည့်အတွက် ဘုရင် Jinpyeong ဟာ အမွှာထဲမှ သမီးအငယ်ဖြစ်သော Dokeman(ဒုံမန်း)ကို သူ၏့အစေခံဖြစ်သူ Seohwa (ဆိုးဟွာ)နှင့် နန်းတွင်းမှ ထွက်ပြေးစေခဲ့ပါတယ်။

ဆုဟွာဟာ ဒုံမန်းကိုခေါ်၍ မွန်ဂိုလီးယား သကန္တါရတွင် ဇာတ်မြုတ်ကာ နေထိုင်ခဲ့ပါတယ်။ ဒုံမန်းကတော့ ဆိုဟွာကို သူမ၏အမေရင်းဟုသာ သိခဲ့ရပြီး သူမကိုယ်သူမလည်း တောင်ဝင်သွေးဖြစ်ကြောင်းမသိပဲ လူလားမြောက်ခဲ့ရပါတယ်။ အမွှာအမဖြစ်သူ Cheonmyeong မှာတော့ နန်းတော်ထဲတွင် မင်းသမီးတစ်ပါးအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။

အကြောင်းအရာအချို့ကြောင့် ဒုံမန်းဟာနောက်ပိုင်းတွင် သူမဟာ တောင်ဝင်မင်းသမီးတစ်ဦးဆိုတာကို သိခဲ့ရပြီး ထီးနန်းကို မီရှီလက်ထဲမှ ကာကွယ်ချင်သောကြောင့်သာ သူမကိုစွန်ပစ်ခဲ့ရမှန်း သိလိုက်ချိန်မှာတော့ မီရှီအပေါ်မုန်းသည့် စိတ်ကပြင်းထန်ခဲ့ပါတယ်။

ဒါ့အပြင်တစ်ဦးတည်းသော အမဖြစ်သူ Cheonmyeon (ချွန်မြောင်)မှလည်း သူမအားကာကွယ်ရင်း မီရှီ၏ဘက်တော်သားအချို့၏ လက်ချက်ကြောင့် သေဆုံသွားခဲ့ရချိန်မှာတော့ သူမ၏ မီရှီ အပေါ်မုန်းသည့် စိတ်ကပြင်းထန်ခဲ့ပါတယ်။

မီရှိအားကလဲ့စားချေပြီး သျီှလာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘုရင်ဖြစ်ရမည်ဆိုသည့် ရည်ရွယ်ချက်ကြီးတစ်ခုကို ပုံဖော်ရန်စတင်ခဲ့ပါတယ်။ သျီှလာနိုင်ငံ၏ စစ်သူကြီးဖြစ်သူ Yushin(ယူရှင်း) နှင့်ဆုံခဲ့ပြီး ခင်မင်ခဲ့ပါတယ်။

ယူရှင်းဟာ ဒုံမန်းဘုရင်မဖြစ်ပြီး နောက်ဆုံးသေဆုံးသည့်အချိန်အထိ ဒုံမန်း၏ဘေးတွင် လူယုံတော်အဖြစ် သစ္စာရှိရှိနေခဲ့ပေးပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုကှိလာပါပြီ။ အဲ့ဒါကတော့ ဒုံမန်းမှာ Bidam (ဘီဒန်)ဆိုသည့်နောက်ထပ် သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါသေးသည်။

ဘီဒန်ဟာ အမှန်တော့ မီရှီရဲ့သားအရင်းပါ။ သူဟာဒုံမန်းအပေါ် ချစ်နေသူဆိုလည်းဟုတ်ပါတယ်။ ချစ်ရသူအတွက် အမေရင်းဖြစ်သူ မီရှီကိုပင် ပြတ်ပြတ်သားသားပုန်ကန်ခဲ့သူလည်း ဖြစ်ပါတယ်။ သို့သော်နောက်ဆုံးတွင်တော့ ဘီဒန် အသတ်ခံလိုက်ရပါတယ်။

ဒါကတော့ကျွန်မမှတ်မိသလောက် တချိန်က နာမည်ကြီး Queen Seon Deokဇာတ်လမ်းတွဲ၏ အကျဉ်းချုံးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အောင်မြင်ရတယ်ဆိုတာလည်း သရုပ်ဆောင်များ၏ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ဒုံမန်းနေရာတွင် သရုပ်ဆောင်ထားသော မင်းသမီး Lee Yoo Won, မီရှီနေရာတွင် Go Hyun Jung, ယူရှင်းအဖြစ် မင်းသား Uhm Tae Woong နှင့် ဘီဒန်အဖြစ် Kim Nam Gil စသည့်တို့အပါဝင် အခြား သရုပ်ဆောင်ကောင်းများ၏ ကြိုးစားအားထုတ်မှုကြောင့် ဇာတ်လမ်းတွဲဟာ ရှန်းရှန်းတောက် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

အပိုင်းအားဖြင့် ၆၂ပိုင်းရှိခဲ့ပြီး MBC ရုပ်သံလိုင်းမှ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရလျှင် Queen Seon Deok ဇာတ်လမ်းတွဲဟာ ရသမျိုးစုံပေးစွမ်းနိုင်သော ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးသော ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်တခေါက်တွင်လည်း ယခုကဲ့သို့ ၂ဝဝဝခုနှစ်အကျော် ကောင်းမွန်သည့် ဇာတ်လမ်းတွဲဟောင်းများကို ပြန်လည်တမ်းတ၍ ဖော်ပြပါဦးမည်။ မိမိကြိုက်နှစ်သက်ခဲ့ဖူးသည့် ဇာတ်လမ်းတွဲများကိုလည်း comments တွင်ရေးသားဖော်ပြနိုင်ပါတယ်နော်။

Source: Channel Korea
Written: Phoo Phoo

Share