“Street Dance of China 3” မှာ Mentor တွေအဖြစ် တူတူတွေ့ရမယ့် EXO’s Lay, GOT7’s Jackson နဲ့ UNIQ’s Wang Yibo

ပရိသတ်တွေကတော့ ဒီသူငယ်ချင်း ၃ ယောက်ကို အတူတူတွေ့ရဖို့ အရမ်းကို စိတ်လှုပ်ရှားနေကြပါပီနော်။ Youku က ” Street Dance of China 3″ ရဲ့ mentor တွေကို ကြေညာပီးတဲ့နောက်မှာတော့ ပရိသတ်တွေဟာ ဒီ သူငယ်ချင်း ၃ ယောက်ရဲ့ အစွမ်းပြမှုတွေကို မြင်ရဖို့ ရင်ခုန်မှု အထွဋ်အထိတ် ရောက်နေကြပါပီတဲ့။

Youku က မကြာသေးတဲ့ရက်တွေက ” Street Dance of China 3 ” ရဲ့ mentor တွေကို EXO ရဲ့ Lay ကစလို့ တစ်ယောက်ချင်းစီ အတည်ပြုခဲ့တာပါ။ မြင်သူတွေ မှင်သတ်ရမယ့် ရုပ်ရည်တွေနဲ့ သူမတူတဲ့ အရည်အချင်းတွေရှိတဲ့ သူတို့ ၃ ယောက်ကတော့ ” Street Dance of China 3 ” မှာ ဘယ်လိုအပြိုင်ကြဲကြမလဲဆိုတာတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပါပီ။

“Street Dance of China 3 ” ဆိုတာ အနုပညာရှင် Mentor တွေ ဦးဆောင်တဲ့ အဖွဲ့တွေ အက အရည်အချင်း ယှဉ်ပြိုင်ရတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ယခုကတော့ တတိယမြောက် season ဖြစ်ပါတယ်။ ” Street Dance of China 3″ ကို ယခု ၂၀၂၀ ဇူလိုင်လမှ စတင် ထုတ်လွင့်ပြသသွားမယ်လို့ကြေညာထားပါတယ်။

အားလုံးလည်း Lay, Jackson နဲ့ Wang Yibo တို့ ဘယ်လို အရည်အချင်းတွေ ပြကြမယ် ဘယ်လို friendship moment တွေ တွေ့မြင်ရမယ်ဆိုတာကို ရင်ခုန်နေကြပီမလား… ?

(Zawgyi) “Street Dance of China 3” မှာ Mentor တွေအဖြစ် တူတူတွေ့ရမယ့် EXO’s Lay, GOT7’s Jackson နဲ့ UNIQ’s Wang Yibo





Source: Koreaboo
Written: Gyi Gyi

Share