မျိုးဆက်သစ် idol တွေစံထားရတဲ့ second generation က စီနီယာ idol (၆) ဦး

ပရိတ်သတ်တွေဆီကချစ်မေတ္တာသာမက ကိုယ်နဲ့နယ်ပယ်တူ ဂျူနီယာလေးတွေဆီက လေးစားအားကျမှုကိုပါ ခံယူရတယ်ဆိုတာ တကယ်ကိုဂုဏ်ယူစရာကိစ္စပါ။ ဒီ idol (၆) ယောက်ကတော့ ဂျူနီယာလေးတွေအပေါ် ကောင်းသောလွှမ်းမိုးမှာရှိပြီး စံထားရတဲ့ လူသားတွေပါတဲ့။

၁။ IU
အဆိုရော သရုပ်ဆောင်ရောနှစ်ခုလုံးကို ပိုင်နိုင်တဲ့အပြင် သူမရဲ့လူမှုဆက်ဆံရေးကောင်းမွန်မှုနဲ့ အငယ်တွေကိုအမြဲလက်တွဲခေါ်တတ်တဲ့ အကျင့်လေးကြောင့် ဂျူနီယာတွေ ချစ်ခင်လေးစားအတုယူရတဲ့ idol မမပါတဲ့။ ယောက်ျားလေး idol အများစုရဲ့ ideal type လဲ ဟုတ်ပါတယ်။

၂။ Taeyeon
Kpop လောကမှာ ဆယ်စုနှစ်ကျော်တဲ့အထိ အောင်မြင်မှုကိုထိန်းထားနိုင်ပြီး ဂျူနီယာလေးတွေကို အစ်မရင်းတစ်ယောက်လို စောင့်ရှောက်တတ်တာမို့ မျိုးဆက်သစ် idol လေးတွေရဲ့ အချစ်တော်လို့ပြောရင် မှားမယ်မထင်ပါဘူး။ သူမရဲ့အသံကလဲ မျိုးဆက်သစ်လေးတွေအတွက် သင်ယူစရာပါပဲ။

၃။ G-Dragon
ကမ္ဘာကိုထိုးဖောက်ခဲ့တဲ့ သူ့ရဲ့ဂီတနဲ့ဖက်ရှင်ကြောင့် အားလုံးရဲ့လေးစားအားကျမှုကို ခံယူနေရသူပါ။ ဒီဘက်ခေတ်အကျော်အမော် ယောကျ်ားလေး idol တွေကို သူတို့ရဲ့စံပြပုဂ္ဂိုလ်က ဘယ်သူလဲလို့မေးလိုက်ရင်တော့ အများစုက G-Dragon လို့ဖြေကြမှာ မလွဲမသွေပါ။

၄။ Taemin
အသက်ငယ်ငယ်လေးနဲ့ ပွဲဦးထွက်ခဲ့ပြီး အခုချိန်ထိ မျိုးဆက်သစ်လေးတွေနဲ့အပြိုင် အောင်မြင်မှုတွေဆွတ်ခူးနေတဲ့ Taemin ကလဲ တကယ်ကိုအချစ်ခံရသူပါ။ သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့ အကစွမ်းရည်ကြောင့် ဂျူနီယာ idol အဖွဲ့က အကသမားတွေအတွက်လဲ စံထားစရာ role model ပါပဲ။

၅။ Suzy
Miss-A အဖွဲ့နဲ့ပွဲဦးထွက်ခဲ့ပြီး လက်ရှိမှာ နာမည်ကျော်သရုပ်ဆောင်အဖြစ် ရပ်တည်နေတဲ့ Suzy ကလဲ တစ်နိုင်ငံလုံးရဲ့အချစ်ကိုခံရသလို ယောက်ျားလေး မိန်းကလေးဂျူနီယာပေါင်းများစွာရဲ့ အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခြင်းကိုလဲ ခံရသူတစ်ဦးပါ။

၆။ Yoona
သူကလဲ ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ထောင်လွှားမှုမရှိပဲ နှိမ့်ချတတ်တဲ့ အကျင့်စရိုက်လေးကြောင့် ဂျူနီယာတွေကြားမှာ အရမ်းကိုရေပန်းစားတဲ့ မမကြီးပါတဲ့။ မျိုးဆက်သစ်လေးတွေအကုန် လေးစားချစ်ခင်ကြပါတယ်။

source : koreaboo
written by Dar Dar

Share