စစ်ထဲမဝင်ခင် ပရိတ်သတ်တွေအတွက် သီချင်းတစ်ပုဒ် လက်ဆောင်ပေးမယ့် Park Bogum

တောင်ကိုရီးယားရေတပ်ရဲ့ music corps မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ လျှောက်ထားဆဲဖြစ်တဲ့ မင်းသား Park Bogum ဟာ ဝင်ခွင့်အောင်မြင်ခဲ့ရင် ဩဂုတ်လ ၃၁ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်ထဲမဝင်ခင် သီချင်းတစ်ပုဒ်ထုတ်ဝေဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

မင်းသားရဲ့ အေဂျင်စီက ပြောပြချက်အရတော့ အဆိုပါသီချင်းကို နာမည်ကျော်အဆိုတော်တေးရေးဆရာ Sam Kim က ရေးစပ်ပေးခဲ့တာပါတဲ့။ Park Bogum သီချင်းဆိုကောင်းတာတော့ အားလုံးအသိမို့ သူ့ရဲ့ချိုမြအေးချမ်းတဲ့ အသံလေးနဲ့ လိုက်ဖက်မယ့် သီချင်းကောင်းလေးဖြစ်မှာ အသေအချာပါပဲ။

အဆိုပါသီချင်းကိုတော့ Park Bogum ရဲ့ပွဲဦးထွက် ၉ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဩဂုတ်လ (၁၀) ရက်နေ့မှာ တစ်ကမ္ဘာလုံးကိုဖြန့်ချိသွားမှာဖြစ်ပြီး physical single album ဖြစ်တဲ့ “All My Love” ကိုတော့ ဩဂုတ် ၁၂ ရက်နေ့မှာ ကိုရီးယားနဲ့ ဂျပန်မှာပဲ အကန့်အသတ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

(Zawgyi) စစ္ထဲမဝင္ခင္ ပရိတ္သတ္ေတြအတြက္ သီခ်င္းတစ္ပုဒ္ လက္ေဆာင္ေပးမယ့္ Park Bogum

ေတာင္ကိုရီးယားေရတပ္ရဲ့ music corps မွာ စစ္မႈထမ္းတာဝန္ထမ္းေဆာင္ဖို႔ ေလၽွာက္ထားဆဲျဖစ္တဲ့ မင္းသား Park Bogum ဟာ ဝင္ခြင့္ေအာင္ျမင္ခဲ့ရင္ ဩဂုတ္လ ၃၁ ရက္ေန႔မွာ စတင္တာဝန္ထမ္းေဆာင္ရမွာျဖစ္ၿပီး စစ္ထဲမဝင္ခင္ သီခ်င္းတစ္ပုဒ္ထုတ္ေဝဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။

မင္းသားရဲ့ ေအဂ်င္စီက ေျပာျပခ်က္အရေတာ့ အဆိုပါသီခ်င္းကို နာမည္ေက်ာ္အဆိုေတာ္ေတးေရးဆရာ Sam Kim က ေရးစပ္ေပးခဲ့တာပါတဲ့။ Park Bogum သီခ်င္းဆိုေကာင္းတာေတာ့ အားလုံးအသိမို႔ သူ႔ရဲ့ခ်ိဳျမေအးခ်မ္းတဲ့ အသံေလးနဲ႔ လိုက္ဖက္မယ့္ သီခ်င္းေကာင္းေလးျဖစ္မွာ အေသအခ်ာပါပဲ။

အဆိုပါသီခ်င္းကိုေတာ့ Park Bogum ရဲ့ပြဲဦးထြက္ ၉ ႏွစ္ျပည့္ အထိမ္းအမွတ္အေနနဲ႔ ဩဂုတ္လ (၁၀) ရက္ေန႔မွာ တစ္ကမၻာလုံးကိုျဖန႔္ခ်ိသြားမွာျဖစ္ၿပီး physical single album ျဖစ္တဲ့ “All My Love” ကိုေတာ့ ဩဂုတ္ ၁၂ ရက္ေန႔မွာ ကိုရီးယားနဲ႔ ဂ်ပန္မွာပဲ အကန႔္အသတ္နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

source: Koreaboo
written: Dar Dar

Share