Billboard’s Hot 100အတွင်း နှစ်ပတ်ကြာရပ်တည်နေသော Blackpink နှင့် Lady Gaga တို့၏သီချင်း Sour Candy

မေလ ၂၈ရက်နေ့တွင် Lady Gaga နှင့် Blackpink တို့ပူးပေါင်းသီဆိုထားသည့် Sour Candy သီချင်းထွက်ရှိခဲ့ပါတယ်။ Sour Candy သီချင်းဟာ pop (ပေါ့စ်)သီချင်း အမျိုးအစားဖြစ်ပြီး သီချင်းစာသားမှာ English လိုရော ကိုရီးယားလိုပါ ပါဝင်ခဲ့ပါတယ်။

သူတို့၏ သီချင်းဟာထွက်ရှိပြီး ၁နာရီအတွင်း ကြည့်ရှူသူ၁သန်းရရှိခဲ့ပါတယ်။ ဇွန်လ ၈ရက်နေ့တွင်တော့ Billboard မှ ကြေငြာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Sour Candy သီချင်းဟာ Hot 100 သီချင်းထဲမှာမှ နံပါတ်၃၃တွင် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ Blackpink အနေနဲ့ Hot 100၏ top 40 ထဲကိုဝင်ခဲ့ခြင်း ဖြစ်ပါတယ်။Kill This Love ဖြင့် No.41, “DDU-DU-DDU-DU” ဖြင့် No.55, နှင့် “Kiss and Make Up”နှင့် No.93 ရပ်တည်နိုင်ခဲ့ဖူးပါတယ်။

ဇွန်လ ၂ဝရက်နေ့တွင်လည်း Sour Candy သီချင်းဟာ Billboard Hot 100 မှာ နံပါတ် ၈၂နေရာတွင် ရပ်တည်နေပါသေးသည်။ ဒါဟာ Billborad Hot 100မှာ ဒုတိယအပတ်အနေနှင့် ရပ်တည်ခြင်းပဲ ဖြစ်ပါတယ်။

Blackpink ဟာလည်းယခုဇွန်လ ၂၆ရက်နေ့တွင် How You Like that ဆိုသည့် pre-release single လည်း ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ ကိုရီးယားသတင်းတွေ အမြဲတင်ဆက်ပေးလျက်ရှိပြီး ညီမတို့ Cele Bar မှ လကုန်ရင် Giveaway ပေးသွားဖို့လည်းရှိပါတယ်ရှင့်။

(Zawgyi) Billboard’s Hot 100အတွင်း နှစ်ပတ်ကြာရပ်တည်နေသော Blackpink နှင့် Lady Gaga တို့၏သီချင်း Sour Candy






Source:Soompi
Written:Phoo Phoo

Share