Breaking News: Top Secret (TST) အဖွဲ့ဝင် Yohan ရုတ်တရက် ကွယ်လွန်

Kpop ပရိတ်သတ်တွေ မကြားချင်ဆုံး စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ ဒီမနက်မှာပဲ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒါကတော့ Top Secret အဖွဲ့ရဲ့ vocalist ဖြစ်တဲ့ Yohan ဟာ ကြွေလွင့်သွားရပြီဆိုတဲ့ သတင်းပါ။

သူဟာ အသက် ၂၈ နှစ်သာရှိသေးပြီး မကြာသေးခင်ကမှ လူမှုကွန်ယက်မှာ ပုံတွေတင်ခဲ့သေးတာမို့ သူ့ရဲ့သေဆုံးမှုကို ပရိတ်သတ်တွေအားလုံး တအံ့တဩဖြစ်နေကြပါတယ်။ ကွယ်လွန်ရတဲ့အကြောင်းအရင်းကိုတော့ ကျန်ရစ်သူမိသားစုရဲ့ ဆန္ဒအရ ထုတ်ဖော်ပြောကြားခြင်းမရှိဘူးလို့ သိရပါတယ်။

၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Yohan ဟာ TST အဖွဲ့နဲ့ ၂၀၁၇ ခုနှစ်မှာပွဲဦးထွက်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားခြင်းမရှိသေးပါဘူး။ သူ့ကိုတော့ ဂျွန်လ ၁၈ ရက်နေ့မှာ Yongin ကတ်သလစ်သုဿန်မှာ မြုပ်နှံသွားမယ်လို့ သိရပါတယ်။

TST အဖွဲ့ဝင် Yohan တစ်ယောက်လဲ ငြိမ်းချမ်းရာမှာ ကောင်းမွန်စွာအနားယူနိုင်ပြီး ချစ်ရတဲ့ နောက်ထပ်ဘယ်အနုပညာရှင်မှ ဒီလိုစောစောစီးစီး ကြွေလွင့်တဲ့ အဖြစ်မျိုးနဲ့မကြုံရဖို့ Myanmar Cele Bar အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်။

(Zawgyi) Top Secret (TST) အဖြဲ႕ဝင္ Yohan ႐ုတ္တရက္ ကြယ္လြန္

Kpop ပရိတ္သတ္ေတြ မၾကားခ်င္ဆုံး စိတ္မေကာင္းစရာ သတင္းတစ္ခုကေတာ့ ဒီမနက္မွာပဲ ထြက္ေပၚလာခဲ့ျပန္ပါၿပီ။ ဒါကေတာ့ Top Secret အဖြဲ႕ရဲ့ vocalist ျဖစ္တဲ့ Yohan ဟာ ေႂကြလြင့္သြားရၿပီဆိုတဲ့ သတင္းပါ။

သူဟာ အသက္ ၂၈ ႏွစ္သာရွိေသးၿပီး မၾကာေသးခင္ကမွ လူမႈကြန္ယက္မွာ ပုံေတြတင္ခဲ့ေသးတာမို႔ သူ႔ရဲ့ေသဆုံးမႈကို ပရိတ္သတ္ေတြအားလုံး တအံ့တဩျဖစ္ေနၾကပါတယ္။ ကြယ္လြန္ရတဲ့အေၾကာင္းအရင္းကိုေတာ့ က်န္ရစ္သူမိသားစုရဲ့ ဆႏၵအရ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိဘူးလို႔ သိရပါတယ္။

၁၉၉၂ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ Yohan ဟာ TST အဖြဲ႕နဲ႔ ၂၀၁၇ ခုႏွစ္မွာပြဲဦးထြက္ခဲ့တာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အႏုပညာလႈပ္ရွားမႈေတြ ရပ္နားထားျခင္းမရွိေသးပါဘူး။ သူ႔ကိုေတာ့ ဂၽြန္လ ၁၈ ရက္ေန႔မွာ Yongin ကတ္သလစ္သုႆန္မွာ ျမဳပ္ႏွံသြားမယ္လို႔ သိရပါတယ္။

TST အဖြဲ႕ဝင္ Yohan တစ္ေယာက္လဲ ၿငိမ္းခ်မ္းရာမွာ ေကာင္းမြန္စြာအနားယူနိုင္ၿပီး ခ်စ္ရတဲ့ ေနာက္ထပ္ဘယ္အႏုပညာရွင္မွ ဒီလိုေစာေစာစီးစီး ေႂကြလြင့္တဲ့ အျဖစ္မ်ိဳးနဲ႔မၾကဳံရဖို႔ Myanmar Cele Bar အဖြဲ႕သားမ်ားက ဆုေတာင္းေပးလိုက္ပါတယ္။

source : koreaboo
written: Dar Dar

Share