၂၀၂၀ မကုန်ခင် နာမည်ကျော်တွေနဲ့အတူ ပရိတ်သတ်ရှေ့ကို ပြန်လာတော့မယ့် Kim Bum

Boys Over Flowers ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်ရဲ့အသဲနှလုံးကို ဖမ်းစားခဲ့ပြီး ၂၀၁၆ ခုနှစ် စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်ချိန်ကစလို့ ဖန်သားပြင်ပေါ်မှာ မတွေ့ခဲ့ရတော့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ မင်းသား Kim Bum ကိုတော့ ၂၀၂၀ မကုန်ခင် ဇာတ်လမ်းတွဲအသစ်မှာ စောင့်မျှော်ကြည့်ရှုရတော့မှာပါ။

Kim Bum နှင့်အတူ နာမည်ကျော်မင်းသား Lee Dong Wook နဲ့ မင်းသမီး Jo Bo Ah တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်သွားမှာဖြစ်ပြီး ဇာတ်လမ်းတွဲရဲ့အမည်ကိုတော့ The Tale of Gumiho လို့ ယာယီပေးထားတယ်လို့ သိရပါတယ်။

ဇာတ်လမ်းဟာကိုရီးယားရဲ့ ဒဏ္ဌာရီဖြစ်တဲ့ မြေခွေးလူသားတွေရဲ့ဖြစ်တည်မှုအကြောင်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Lee Dong Wook နဲ့ Kim Bum ဟာ သွေးသားတော်စပ်တဲ့ မြေခွေးလူသားတွေအဖြစ် သရုပ်ဆောင်ကြပြီး မင်းသမီး Jo Bo Ah ကတော့ PD အကြောက်အလန့်မရှိတဲ့ PD မလေးအဖြစ်နဲ့ သရုပ်ဆောင်မှာပါ။ မေလတုန်းကပဲ ဇာတ်လမ်းတွဲစတင်ရိုက်ကူးနေတာကို ပရိတ်သတ်အချို့တွေ့မြင်ခဲ့ရတယ်လို့လဲ သိရပါတယ်။

Kim Bum ရဲ့ကာရိုက်တာဟာ လူသားတွေကို ဆန္ဒတွေဖြည့်ဆည်းပေးမယ်လို့ ဆွဲဆောင်ကာ အဖိုးအခကြီးကြီးမားမားပေးဆပ်စေတဲ့ ရက်စက်တဲ့ကာရိုက်တာမျိုးဖြစ်ပြီး ဒါဟာ ၂၀၁၆ မှာရိုက်ကူးခဲ့တဲ့ Mrs.Cop ဇာတ်ကားအပြီး ပထမဆုံးသရုပ်ဆောင်မှုမို့လို့ ပရိတ်သတ်တွေကတော့ အရမ်းကိုရင်ခုန်ပြီးမျှော်လင့်နေကြပါပြီ။

source : soompi
written by Dar Dar

Share