Album အချပ်ရေ အရောင်းရဆုံး စံချိန်တင်ခဲ့တဲ့ ယောက်ျားလေးအဖွဲ့ (၁၀) ဖွဲ့

ကိုရီးယားအနုပညာလောကမှာ Album အချပ်ရေရောင်းရမှုဟာလည်း အောင်မြင်မှုကိုတိုင်းတာတဲ့နေရာမှာ အရေးပါတဲ့အချက်တစ်ချက်ပါပဲနော်။ ဒါကြောင့်အခု album အချပ်ရေ သန်းနဲ့ချီပြီးရောင်းခဲ့ရတဲ့ ယောက်ျားလေးအဖွဲ့ (၁၀) ဖွဲ့ ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကိုယ့် idol တွေဘယ်နေရာမှာ ရှိနေမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

၁၀။ GOT7

Got7 အဖွဲ့ဟာ၂၀၁၄ခုနှစ်မှာ Girls Girls Girls သီချင်းနဲ့ပွဲဦးထွက်ခဲ့ပြီး ကမ္ဘာတစ်လွှားအောင်မြင်မှုတွေရရှိခဲ့ပြီး ယခုလက်ရှိမှာ album ချပ်ရေပေါင်း ၃,၇၅၅,၁၃၁ ရောင်းချခဲ့ပြီးနံပါတ် ၁၀ မှာနေရာယူထားပါတယ်။

၉။ SEVENTEEN

Adore U ဆိုတဲ့သီချင်းနဲ့ ၂၀၁၅ခုနှစ်ကပွဲဦးထွက်ခဲ့တဲ့ Seventeen အဖွဲ့ကလည်း အချိန်တိုအတွင်းမှာပဲ အောင်မြင်ခဲ့ပြီး album အချပ်ရေပေါင်း၄,၁၆၀,၃၆၉ရောင်းချပြီးနဝမမြောက်နေရာမှာရပ်တည်နေပါတယ်။

၈။ G.O.D

၁၉၉၉ခုနှစ်မှာအဖွဲ့ဝင်ငါးယောက်နဲ့ debut ခဲ့ပြီး kpop ကိုတစ်ခေတ်ဆန်းစေခဲ့တဲ့ boy group တွေရဲ့ ဦးဆောင်လမ်းပြ G.O.D အဖွဲ့ဟာယခုလက်ရှိမှာalbumချပ်​ရေ၅,၁၆၈,၇၁၀တောင်ရောင်းချခဲ့ပြီးပါပြီတဲ့။

၇။ BIG BANG

2006ခုနှစ်မှာBigbang Vol.1 ဆိုတဲ့album နဲ့ပွဲဦးထွက်ခဲ့တဲ့ Big Bang အဖွဲ့ရဲ့ အောင်မြင်မှုကိုတော့ပရိတ်သတ်အားလုံးသိပြီးဖြစ်မှာပါ။သူတို့ကလည်းယခုလက်ရှိ၅,၇၈၁,၇၃၄ချပ် ရေရောင်းချထားရပြီးနံပါတ်၇ နေရာမှာရပ်တည်နေပါတယ်။

၆။ Super Junior

၂၀၀၅ ခုနှစ်မှာSM Entertainment ကထုတ်ပေးခဲ့တဲ့Super Junior အဖွဲ့ဟာလည်း ပွဲဦးထွက်စကနေ အခုချိန်ထိ မလျော့သောအောင်မြင်မှုတွေ ရရှိနေပြီး ယခုလက်ရှိမှာချပ်ရေပေါင်း ၆,၀၅၅,၁၉၅ ရောင်းချထားရပါတယ်။

၅။ H.O.T

၁၉၉၉ ခုနှစ်မှာ SM Entertainment ကနေ ခဲ့ပြီး သူ့ခေတ်သူ့အခါမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အသည်းစွဲ H.O.T အဖွဲ့ဟာလည်းsalesပေါင်း၆,၀၅၇,၆၇၇နဲ့ပဉ္စမနေရာမှာရပ်တည်နေပါတယ်။

၄။ SHINee

၂၀၀၈ခုနှစ်မှာ Replay သီချင်းနဲ့ပွဲဦးထွက်ခဲ့တဲ့ SHINee အဖွဲ့ကလည်း ယခုလက်ရှိမှာ album ပေါင်း၆,၀၆၃,၁၇၁ရောင်းချရပြီးနံပါတ် ၄ နေရာမှာရပ်တည်နေပါတယ်။

၃။ TVXQ

TVXQ ဟာ၂၀၀၄ ခုနှစ်မှာအဖွဲ့ဝင်ငါးယောက်နဲ့အတူHug ဆိုတဲ့သီချင်းနဲ့debut ခဲ့တာပါ။ မိန်းကလေးပရိတ်သတ်တွေရဲ့ အသဲကိုသိမ်းပိုက်ယူခဲ့ကာ ယခုအချိန်မှာတော့ album sales ပေါင်း၁၁,၆၂၉,၀၁၀ နဲ့တတိယနေရာကိုရယူထားပါတယ်။

၂။ EXO

၂၀၁၂ ခုနှစ်မှာMAMA သီချင်းနဲ့ပွဲဦးထွက်ခဲ့တဲ့ EXO အဖွဲ့ဟာလဲ အောင်မြင်မှုပေါင်းများစွာနဲ့ album ပေါင်း ၁၄,၆၈၆,၄၉၅ချပ်ရောင်းချပြီးဒုတိယနေရာမှာရပ်တည်နေပါတယ်။ Kpop သမိုင်းမှာ Music show တွေမှာ အများဆုံးအနိုင်ရရှိတဲ့ အဖွဲ့လဲ ဖြစ်ပါတယ်။

၁။ BTS

Album ချပ်ရေအရောင်းရဆုံးအဖြစ် မှတ်တမ်းတင်နေတဲ့အဖွဲ့ကတော့ BTSအဖွဲ့ပဲဖြစ်ပါတယ်။ သူတို့၇ယောက်ဟာ၂၀၁၃ ခုနှစ်မှာ No More Dream သီချင်းနဲ့ debut ခဲ့ပြီး တစ်ကမ္ဘာလုံးကိုထိုးဖောက်ကာ ချပ်ရေပေါင်း ၂၃,၇၂၅,၅၀၅တောင်ရောင်းချခဲ့ရပြီးပါပြီတဲ့။

source : koreaboo
written by helra

Share