ပလတ်စတစ်ဆာဂျရီလုံးဝမလုပ်ခဲ့ပေမယ့်အလှဆုံးအဖြစ်သတ်မှတ်ခံရတဲ့ကိုရီးယားမင်းသမီးများ

ကိုရီးယားအနုပညာလောကဟာအောင်မြင်တဲ့kpop groupတွေ ဇာတ်လမ်းတွဲတွေအပြင်ရလဒ်ကောင်းတဲ့မျက်နှာခွဲစိတ်ပြုပြင်မှုတွေကြောင့်လည်းဂုဏ်သတင်းမွှေးလှပါတယ်။ ဒါပေမယ့်ပလတ်စတစ်ဆာဂျရီလုံးဝမလုပ်ပဲသဘာဝအတိုင်းလှပနေတဲ့မင်းသမီးတွေလည်းရှိပါသေးတယ်နော်။ယခု ကိုရီးယားကခွဲစိတ်ပြုပြင်မှုတစ်ခါမှမလုပ်ခဲ့တဲ့မင်းသမီးတွေအကြောင်းဖော်ပြပေးသွားမှာပါ။

Jun Ji Hyun

ပထမဆုံးဖော်ပြပေးသွားမှာကတော့ My love from the starဇာတ်လမ်းတွဲနဲ့ တစ်ရှိန်ထိုးနာမည်ရလာခဲ့တဲ့ Jun Ji Hyunပဲဖြစ်ပါတယ်။ သူမကိုThe Legend of the Blue Sea ထဲကရေသူမလေးအနေနဲ့လည်းသိကြပါတယ်။ အသက်၃၈နှစ်ရှိပြီဖြစ်တဲ့ကလေးနှစ်ယောက်မိခင်သူမရဲ့နုပျိုလှပမှုကလည်းအံ့မခန်းပါပဲ။

Song Hye Kyo

သဘာဝအလှအကြောင်းပြောရရင်မြန်မာပိရိတ်သတ်တို့ရဲ့အွန်စောကလည်းမပါမဖြစ်ပါပဲနော်။ အသက်၃၈နှစ်ရှိပြီဖြစ်တဲ့Song Hye Kyo ဟာလည်းခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ အလှဆုံးမင်းသမီးတွေထဲကတစ်ဦဖြစ်ပါတယ်။ သူမရဲ့အလှအပကိုတော့ကိုတော့ All In, Full House(ချစ်စံအိမ်)စတဲ့ဇာတ်လမ်းကောင်းတွေအပြင် ၂၀၁၆ကထွက်ရှိခဲ့တဲ့Descendants of the Sun တို့မှာတွေ့ရနိုင်ပါတယ်။

Im Yoona

Girls’ Generationအဖွဲ့ရဲ့အချောအလှလေးIm Yoona ကလည်းပြောစမှတ်တွင်ရလောက်တဲ့သဘာဝအလှကိုပိုင်ဆိုင်ထားသူလေးပါ။ သူမဟာYou are my Destiny ခေါင်းဆောင်မင်းသမီးအဖြစ်ရုပ်ရှင်လောကမှာနေရာတစ်နေရာရရှိခဲ့ပါတယ်။Love rain, K2 စတာတွေကလည်းသူမရဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေပါပဲနော်။

Kim Tae Hee

အသက်၄၁ရှိပြီဖြစ်တဲ့Kim Tae Hee ကလည်းသူမရဲ့ပြုပြင်စရာမလိုတဲ့သဘာဝအလှနဲ့ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တို့ကြောင့်အားလုံးဆီကအချစ်ခံရသူပါ။Irisဇာတ်လမ်းတွဲထဲမှာလည်းသူမရဲ့အလှအပကအံ့ဩမင်သက်လောက်စရာပါပဲနော်။

Park Shin Hye

ပရိတ်သတ်တို့ရဲ့Park Shin Hyeကလည်းမပြုပြင်ထားတဲ့သဘာဝအလှပါနော်။ မိန်ကလေးချင်းတောင်ငေးယူရလောက်အောင်လှတဲ့မင်းသမီးချောလေးရဲ့ Heart Strings, The heirs စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေကိုလည်းပရိတ်သတ်တို့ကြည့်ဖူးကြမယ်ထင်ပါတယ်။

Suzy

သရုပ်ဆောင်လည်းတော်အသံလည်းကောင်းပြီးmodellingဖက်ပါပိုင်နိုင်တဲ့Suzyရဲ့အလှကလည်းပြုပြင်စရာမလိုခဲ့ပါဘူးတဲ့။သူမဟာDream High ဇာတ်လမ်းနဲ့သရုပ်ဆောင်လောကထဲဝင်လာခဲ့ပြီးဒီဇာတ်လမ်းမှာတင်သူမရဲ့အလှနဲ့အောင်မြင်မှုတွေသိမ်းကြုံးယူခဲ့ပါတယ်။

Song Ji Hyo

Ji Hyo Unnieကလည်းအပြစ်ပြောစရာမရှိအောင်လှရက်သူပါ။ သူမရဲ့အလှကလည်းပြုပြင်ထားခြင်းမရှိတဲ့သဘာဝအလှပါပဲတဲ့နော်။သူမဟာ၂၀၀၃ခုနှစ်မှာWishing Stairs ရုင်ရှင်နဲ့သရုပ်ဆောင်လောကထဲဝင်ရောက်လာခဲ့ပြီးEmergency Couple,New Worldစတဲ့ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးခဲ့ပါတယ်။ယခုလက်ရှိRunning Manမှာလည်းပရိတ်သတ်အခိုင်အမာရရှိထားသူပါ။

Son Ye Jin

Son Ye Jinကတော့the most beautiful woman in the world လို့သတ်မှတ်ခံရလောက်အောင်လှတဲ့သူပါပဲနော်။သူမရဲ့အလှအပဟာဘုရားပေးတဲ့ဆုလာဘ်လို့တင်စားရလောက်အောင်သဘာဝအတိုင်းလှနေသူဖြစ်ပြီးပြုပြင်စရာလုံးဝမလိုခဲ့ပါဘူး။ The Negotiation, Something in the Rainဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပြီးတော့Crash Landing on Youဇာတ်လမ်းတွဲမှာတော့သူမရဲ့အလှနဲ့ Fashionတွေဟာပြောစမှတ်တွင်ရလောက်အောင်လှပခဲ့ပါတယ်။

source : Top Korean News
written: helra

Share