Lee Joon Gi နဲ့ Moon Chae Won တို့ပါဝင်သရုပ်ဆောင်သွားမယ့် tvN ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲအသစ် “Flower of Evil” ကတော့ ပိုစတာအသစ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Baek Hee Sung ( Lee Joon Gi) ဟာ ဆိုးရွားတဲ့အတိတ်ကို ဟန်ဆောင်ဖုန်းကွယ်ကာ Cha Ji Won ( Moon Chae Won) ရဲ့ အမျိုးသား အဖြစ်နဲ့ ဇာတ်မြုပ်နေထိုင်နေပါတယ်။
စုံထောက်တစ်ယောက်ဖြစ်တဲ့ Cha Ji Won ဟာ ခင်ပွန်းသည်ရဲ့ အတိတ်ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ မကြုံတွေ့ချင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုးနဲ့ ရင်ဆိုင်လာရပါတော့တယ်။
ဇာတ်လမ်းပိုစတာကတော့ ဇာတ်ကောင်နှစ်ယောက်ရဲ့ ရှုပ်ထွေးတဲ့ဇာတ်ကြောင်းကို ပုံဖော်ထားပါတယ်။ ပိုစတာမှာတော့ ” ယုံကြည်မှုကို ပျက်ပြားစေတဲ့ ရက်စက်တဲ့ အမှန်တရား” ဆိုတဲ့ စာတန်းနဲ့ပါ ဇာတ်ကြောင်းကို ထောက်ပံ့ထားပါသေးတယ်။
ဇာတ်ကောင်နှစ်ယောက် ဘယ်လိုထိပ်တိုက်ရင်ဆိုင်ကြရမယ်၊ ဘယ်လို အကျည်းတန်တဲ့ အမှန်တရားတွေ ဖော်ထုတ်ခံရမလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ Lee Joon Gi နဲ့ Moon Chae Won တို့ရဲ့ ဝါရင့်သရုပ်ဆောင်မှုတွေ့ကို မြင်တွေ့ရမယ့် ” Flower of Evil” ဇာတ်လမ်းတွဲကို ဇူလိုင် ၂၂ ရက်နေ့မှ စတင်ပြသသွားမှာပါ။
Source: Soompi
Written: Gyi Gyi