ဇာတ်လမ်းတွဲအပြီး သူငယ်ချင်းများနှင့် Jeju ကျွန်းကိုခရီးထွက်နေသည်လို့ ထင်ရသည့် Lee Min Ho

SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် The king ဇာတ်လမ်းတွဲဟာ မကြာသေးမီကပင် ပီဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ဒါကြောင့်မင်းသား Lee Min Ho ဟာယခုအချိန်မှာတော့ Jejuကျွန်းတွင်သွားရောက်အနားယူနေတယ်လို့ သိရပါတယ်။

Lee Min Ho ၏ Instagram တွင်လည်းကမ်းခြေတွင် ရိုက်ကူးထားသည့် ဓာတ်ပုံအချို့ကိုတင်ထားပါတယ်။ Lee Min Ho, Jung ll Woo နှင့် Kim Bum တို့ဟာ အခင်ဆုံးသူငယ်ချင်းများ ဖြစ်ကြပါတယ်။

သူတို့သုံးဦးဟာ အမြဲတမ်း တစ်ယောက်နှင့်တယောက် တွေ့ဆုံလေ့ရှိပြီး တယောက်အိမ်တယောက်သွားလည်တာမျိုးတောင် ရှိသည်အထိ ခင်မင်ရင်နှီးတယ်လို့ပြောပြဖူးပါတယ်။

Interview တစ်ခုတွင် မင်းသား Jung ll Wooက သူတို့ဘယ်လောက်ခင်မင်ကြောင်း မေးမြန်းရာတွင် “ကျွန်တော်တို့သုံးယောက် အားလို့ရှိရင် အမြဲဆုံလေ့ရှိတယ်။ ထမင်းအတူတူသွားစားတာတို့ ၊ ကော်ဖီအတူတူသောက်ပြီးစကားပြောတာတို့ကို အချိန်ရရင်ရသလို လုပ်လေ့ရှိတယ်။

တခါတလေဆိုလည်း တယောက်အိမ်တယောက်သွားလည်တယ်လို့” ပြောဆိုဖူးပါတယ်။ ယခုတွင်လည်း ပရိတ်သတ်တစ်ဦးက jeju ကျွန်းတွင် မင်းသား Lee Min Ho, Jung ll Woo, Kim Bum နှင့် Woo Do Hwan တို့ကိုတွေ့ခဲ့တယ်လို ဆိုနေကြပါတယ်။

Jung ll Woo နှင့် Kim Bum ကိုလည်း Lee Min Ho ၏သူငယ်ချင်းအသစ်ဖြစ်သူ Woo Do Hwan က Ig တွင် Follow လုပ်လိုက်ပါတယ်။ ဒါကိုကြည့်ုပြီးပရိတ်သတ်များ မင်းသားလေးဦးဟာ အတူတူအပျော်ခရီးထွက်နေကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

Lee Min Ho ၏ Ig တွင်တော့ သူ၏တစ်ဦးတည်းပါသည့် ဓာတ်ပုံကိုသာ တင်ထားသည်ကိုတော့ တွေ့ရပါတယ်။ အဆိုပါသတင်းသာအမှန်ဆိုလျှင်တော့ မင်းသားလေးဦးကို တပြိုင်နက်တည်းတွေ့နိုင်တဲ့ အခွင့်အရေးကိုရခဲ့သည့် ပရိတ်သတ်ကတော့ အလွန်ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။

Source: Annyeong Oppa
Written:Phoo Phoo

Share