Train To Busan ၏နောက်ဆက်တွဲရုပ်ရှင် Peninsula တွင့်ပါဝင်သရုပ်ဆောင်ထားသည့် Kang Dong Won, Lee Jung Hyun

၂၀၁၆ခုနှစ်တွင် ထွက်ရှိခဲ့သည့် နာမည်ကြီး Zombie ရုပ်ရှင် Train To Busanဟာ နောက်ဆက်တွဲဇာတ်လမ်း Peninsula ကိုရိုက်ကူးထားပါတယ်။ ဇွန်လ ၁၆ရက်နေ့မှာတော့ Peninsula ရုပ်ရှင်နှင့်ပက်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

Peninsula ရုပ်ရှင်ဟာ ၂၀၂ဝခုနှစ်၏ Cannes Film Festival သို့ဖိတ်ကြားခြင်းခံခဲ့ရသော်လည်း Covid – 19 ကြောင့် အစီအစဉ်ပျက်ခဲ့ရပါတယ်။ ဒါရိုက်တာ Yeon Sang Ho ဟာ Cannes Film Festivalသို့တတိယအကြိမ် ဖိတ်ကြားခံရခြင်းပဲ ဖြစ်ပါတယ်။

Train To Busan ရုပ်ရှင်အပြီးတွင်လည်း Cannes သို့တက်ရောက်နိုင်ခဲ့ပါတယ်။ယခုပြသမည့် Peninsula ရုပ်ရှင်တွင်ပါဝင်မည့် Computer Graphics ဟာ Train To Busan ထက်နှစ်ဆ များမှာပဲ ဖြစ်ပါတယ်။

Zombies ရုပ်ရှင်ဖြစ်သည့်အတွက် သူတို့၏လှုပ်ရှားပုံ၊ရွေ့လျားပုံစသည်တို့ကိုလည်း အထူးဂရုစိုက်ရပါတယ်။ Train To Busan ကတော့ ထိုအချက်ကို ကောင်းမွန်စွာတင်ဆက်ပေးနိုင်ခဲ့ပါတယ်။ ယခု Peninsula ကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင်လုပ်ဆောင်ထားပါတယ်လို့ ဆိုခဲ့ပါတယ်။

မင်းသမီးဖြစ်သူ Lee Jung Hyun ကလည်း “ကျွန်မဟာ Zombies ရုပ်ရှင်တွေကို ကြိုက်တဲ့သူတစ်ယောက်ပါ။ဒါရိုက်တာ Yeon Sang Ho ရိုက်ကူးထားတဲ့ Train To Busan ကိုလည်းကျွန်မကြည့်ဖူးပါတယ်။ အရမ်းပြင်းထန်ပြီး စိတ်ဝင်စားဖို့ကောင်းသည့် ရုပ်ရှင်တစ်ခုပါ။

အခု Peninsula ကတော့ Train To Busan ထက်ပိုကြမ်းပြီး ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမယ့် ရုပ်ရှင်တစ်ခုဖြစ်လာမယ်လို့ ကျွန်မထင်ပါတယ်။ ဇာတ်လမ်း၏ Plot ကလည်း ထူးခြားနေပြီး သရုပ်ဆောင်တွေ၏ ကာရိုက်တာများကလည်း လူအများမျှော်လင့်ထားသည်ထက် ပို၍စိတ်ဝင်စားစရာကောင်းမှာပါ။

Peninsula ရုပ်ရှင်ဟာ ၂၀၂ဝခုနှစ် ဂျူလိုင်လတွင် ပြသမှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထွက်ရှိလျှင်လည်း Zombies ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သည့် ပရိတ်သတ်များအနေနဲ့ လက်လွတ်မခံသင့်သည့် ရုပ်ရှင်ကောင်းတစ်ခု ဖြစ်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share