နာမည်ကြီး Alexander MC Queen ၏ ပထမဆုံးကိုရီးယား Brand Ambassador ဖြစ်လာသည့် Jun Ji Hyun

ကိုရီးယားနာမည်ကြီး မင်းသမီး Jun Ji Hyun ဟာ သူမ၏ချောမောပြေပြစ်သည့်ရုပ်ရည်အပြင် ဖက်ရှင်ကျလှသည့် ဝတ်စားဆင်ယင်မှုများကြောင့် နာမည်ကြီးBrand အတော်တော်များများကြားတွင် ရေပန်းစားသူတစ်ဦးဖြစ်ပါတယ်။

နာမည်ကြီးbrandအများ၏ Brand Ambassador လည်းဖြစ်ပါတယ်။ ယခုဆိုလျှင်လည်းသူမဟာ နာမည်ကြီး British brand တစ်ခုဖြစ်သော Alexander MC Queen ဖြင့် လက်တွဲလိုက်ပါပြီ။

Alexander MC Queen မှ တာဝန်ရှိသူများကလည်း “Jun Ji Hyun ဟာ ပထဆုံးရွေးချယ်ခံရသည့် ကိုရီးယား ambassador ပဲ ဖြစ်ပါတယ်။ သူမနှင့်ပူးပေါင်းပြီး Alexander ရဲ့ ထူးခြားလှသည့် ဖက်ရှင်များနှင့် ဘယ်တော့မှမရိုးနိုင်သော လက်ရာများကို ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မကြာသေးမီကရိုက်ကူးထားသော Photoshot တွင် Jun Ji Hyunဟာ Alexander McQueen ၏ 2020 free collection မှ ဝတ်စုံကိုဝတ်ဆင်ထားပြီး ကျောက်မျက်ရတနာအချို့ပါသော handbag ကိုလွယ်ထားပါတယ်။

ထိုပုံကိုကြည့်ခြင်းအာဖြင့် သူမဟာအဆိုပါ Brand နှင်ဘယ်လောက်လိုက်ဖက်နေကြောင်း တွေ့ရမှာပါ။ Jun Ji Hyun ဟာသူမ၏ ဖက်ရှင်ကြောင့် အမြဲချီးကျူးခံရသည် မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။

My Love From Another Star, Legend of the blue sea စသည့်ဇာတ်လမ်းတွဲများတွင် နာမည်ကြီးbrandများကို သူမနှင့်လိုက်ဖက်စွာ ရွေးချယ်ဝတ်ဆင်နိုင်ခဲ့ပါတယ်။ ထို့ကြောင့်လည်း သူမအား Brand Ambassador အဖြစ်ခန့်အပ်ချင်နေသည့် နာမည်ကြီးbrand များစွာလည်း ရှိနေတာပါ။

လက်တလောတွင်တော့ Jun Ji Hyun ဟာ Netflix မှထုတ်လွှင့်သည့် Kingdom 2 တွင်ပါဝင်ထားပါတယ်။ ၂၀၂၀-၂၀၂၁ တွင်တော့ သူမ၏ဇာတ်လမ်းတွဲအသစ်တစ်ခု ထွက်ရှိမယ်လို့ သိရပါတယ်။

Source: channels.vlive
Written:Phoo Phoo

Share