မိန်းကလေးTrainee တွေစတင်ခေါ်ယူနေပြီဖြစ်တဲ့ Big Hit Entertainment

Big Hit Entertainment အနေနဲ့ တစ်နှစ်တစ်ခါ’individuals with talent and passion’ ဆိုတဲ့ခေါင်းစဉ်နဲ့ လူရွေးပွဲကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် မိန်းကလေးဝါသနာရှင်တွေအတွက် စိတ်မကောင်းစရာကတော့ audition ဟာ အမြဲတမ်း ယောက်ျားလေးတွေအတွက်ပဲဖြစ်ပါတယ်။

လက်ရှိမှာ BTS နဲ့ TXT ဆိုတဲ့ယောက်ျားလေးအဖွဲ့နှစ်ဖွဲ့ကိုပဲ ပွဲထုတ်စီမံနေတဲ့ Big Hit Entertainment ဟာ ၂၀၁၂ခုနှစ်တုန်းက GLAM ဆိုတဲ့မိန်းကလေးအဖွဲ့တစ်ဖွဲ့ ထုတ်ပေးခဲ့ပေမယ့် ပြဿနာအနည်းငယ်ရင်ဆိုင်ခဲ့ရပြီး၂၀၁၅ ခုနှစ်မှာdisbandသွားခဲ့ပါတယ်။

ဒါကြောင့်ယောက်ျားလေး trainee တွေကိုပဲဦးစားပေးခဲ့တယ်လို့ ပရိတ်သတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။ ဂျွန်လ ၁၇ နေ့မှာတော့ Big Hit ဟာ မိန်းကလေးတွေအတွက် audition ကို ပထမဆုံးအကြိမ် စတင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီတစ်ခေါက်ကဂျပန်နိုင်ငံအတွက်ပဲလို့ဖော်ပြထားပေမယ် န်ုင်ငံတကာမိန်းကလေးဝါသနာရှင်အတွက်မျှော်လင့်ချက်ပါပဲနော်။Big Hit entertainment မှာ debut ချင်တဲ့ မြန်မာပရိတ်သတ်တို့လည်းပြင်ဆင်ထားလို့ရအောင် ဒီအကြောင်းဖော်ပြပေးလိုက်ပါတယ်။

source : koreaboo
written : helra

Share