Park Shin Hye ကိုအောင်မြင်မှု အထွတ်အထိပ် ရောက်စေခဲ့တဲ့ အထင်ကရ ဇာတ်လမ်းတွဲများ

မင်းသမီး Park Shin Hye လို့ဆိုလိုက်တာနဲ့ ကိုရီးယားအနုပညာလောကမှာ အောင်မြင်မှုသရဖူကိုဆောင်းထားနိုင်တဲ့ မင်းသမီးချောလေးလို့ လူတိုင်းသိကြမှာပါ။ အခုချိန်ထိဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ဒီလိုထိပ်တန်းသရုပ်ဆောင်နေရာကို ရောက်ရှိဖို့အတွက်တွန်းအားဖြစ်စေတဲ့ ဇာတ်လမ်းတွဲအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Stairway to Heaven
ကလေးသရုပ်ဆောင်အဖြစ် စတင်ခဲ့တဲ့ သူမအတွက် အောင်မြင်မှုဆီကိုချီတက်တဲ့ ပထမဆုံးခြေလှမ်းလို့ ပြောလို့ရပါတယ်။ အဓိကမင်းသမီး Choi Jiwoo ရဲ့ ငယ်ဘဝနေရာမှာ သရုပ်ဆောင်ခဲ့ပြီး အရွယ်နဲ့မလိုက်အောင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုနဲ့ ပရိတ်သတ်တွေကို စီးမြောစေခဲ့ပါတယ်။

Tree of Heaven
ဒီဇာတ်လမ်းတွဲကြည့်ပြီး မငိုဖူးတဲ့ပရိတ်သတ်ကတော့ ရှားမယ်ထင်ပါတယ်။ ဆို့နင့်ကြေကွဲဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်ကို Park Shin Hye ရဲ့ စကားတွေအများကြီးမပြောပဲ မျက်လုံးနဲ့သရုပ်ဆောင်နိုင်မှုက ပံ့ပိုးပေးခဲ့ကာ သူ့ကိုထိပ်တန်းမင်းသမီးအဖြစ်တွန်းပို့ခဲ့တာပါ။

You Are Beautiful
လူငယ်ကြိုက် kdrama တွေရဲ့ အစပထမခေတ်မှာ မိန်းကလေးတိုင်းစိတ်ကူးယဉ်ခဲ့ရတဲ့ အချစ်ဟာသဇာတ်လမ်းလေးပါ။ Park Shin Hye ဟာ ယောကျ်ားလေးဟန်ဆောင်ပြီး ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ A.N.Jell ဆိုတဲ့အဖွဲ့မှာ ပါဝင်လှုပ်ရှားပြီး ယောက်ျားလေးလိုဝတ်စားပုံကို ချစ်စဖွယ်မြင်တွေ့ရမှာပါ။

Heart Strings
မြန်မာပရိတ်သတ်တွေကြား Lee Kyu Won နဲ့ Lee Shin လို့ခေတ်စားစေခဲ့တဲ့ ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းသာမက ဇာတ်ဝင်တေးတွေကလဲ အာရှတစ်ခွင် နာမည်ကျော်ခဲ့ပြီး Park Shin Hye ရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုကိုသာမက ချိုသာတဲ့သီချင်းဆိုသံလေးကိုပါ ကြားခွင့်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။

The Heirs
မင်းသား Lee Min Ho နဲ့တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အထက်တန်းကျောင်းဝတ်စုံနဲ့ အလွန်လိုက်ဖက်ခဲ့တာကြောင်​့ နာမည်ကြီးပါတယ်။ ဇာတ်လမ်းကလဲ အကြီးအကျယ်အောင်မြင်ခဲ့ပြီး Park Shin Hye ရဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ချက်တွေဟာ အခုထိပြောစမှတ်တွင်နေတုန်းပါ။

Flower Boy Next Door
လူတွေနဲ့မရောနှောပဲ တသီးတသန့်အခန်းအောင်းနေတတ်တဲ့ စာရေးဆရာမလေးနဲ့ အိမ်နီးချင်းကောင်ချောလေးတို့ရဲ့ အချစ်ဇာတ်လမ်းပါ။ မင်းသား Yoon Si Yoon နဲ့အတူတွဲဖက်သရုပ်ဆောင်ထားပြီး Park Shin Hye ရဲ့အေးစက်စက် အပြုအမူလေးတွေက ချစ်ဖို့ကောင်းပါတယ်။

Pinocchio
ကျောင်းသားဇာတ်ရုပ်လေးတွေ မဟုတ်ပဲ သတင်းထောက်မလေးအဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ မင်းသား Lee Jong Suk နဲ့အတူ နဂိုရှိနေပြီးသား အောင်မြင်မှုကို အမြင့်ဆုံးထိရောက်ခဲ့ကြပြီး ဝင်ငွေအမြင့်ဆုံး မင်းသားမင်းသမီးတွေစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

Doctor Crush
ဝါရင့်မင်းသမီးတစ်ဦးအနေနဲ့ ငယ်စဉ်ကဂျစ်ကန်ကန်ဇာတ်ရုပ်ကိုရော ထက်မြက်ပြီးမဟုတ်မခံတဲ့ ဆရာဝန်မကြီး ဇာတ်ရုပ်ကိုပါ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ မင်းသားကြီး Kim Rae Won နဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်ခဲ့တာမို့ အထူးချီးကျူးခံခဲ့ရပါတယ်။

Memories in Alhambra
ထိပ်တန်းမင်းသားကြီးတွေနဲ့ တန်းတူသရုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့တဲ့ နောက်ဇာတ်လမ်းတွဲတစ်ခုပါ။ မင်းသား Hyun Bin နဲ့တွဲဖက်ညီခဲ့ပြီး ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်အပြင် စပိန်ဘာသာစကားနဲ့ ဂီတာတီးခတ်မှုကိုပါ အထူးကျွမ်းကျင်အောင် ပြင်ဆင်ခဲ့နိုင်တာ အံ့ဩစရာပါပဲ။

written : Dar Dar

Share