ပရိတ်သတ်တွေနဲ့ ထိတွေ့ရတာကို မနှစ်မြို့ဘူးလို့ ပြောခဲ့လို့ အဖွဲ့ကထုတ်ပယ်ခံခဲ့ရတဲ့ Idol

Kpop idol တွေအနေနဲ့ အဆိုအကစွမ်းရည်အပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ အကျင့်စရိုက်ကောင်းမွန်မှသာလျင် ရေရှည်ရပ်တည်နိုင်မှာပါ။ ပရိတ်သတ်ကပေးတဲ့ချစ်ခြင်းမေတ္တာကို ကျေးဇူးတင်စွာ ခံယူတတ်ဖို့နဲ့ ပရိတ်သတ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကလဲ အရေးပါတဲ့အချက်ပါပဲ။

Idol တော်တော်များများက fans တွေနဲ့ ပတ်သတ်ရင် နူးညံ့တဲ့စိတ်နှလုံးသားရှိကြပေမယ့် ဒီ idol ကတော့ ကွဲပြားပါတယ်။ ပရိတ်သတ်တွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ပတ်သတ်လို့သူ့ရဲ့အသိမိတ်ဆွေတစ်ယောက်နဲ့ စကားပြောထားတဲ့ အသံဖိုင်တွေ အပြင်ကိုပျံ့လာပြီးနောက်မှာတော့ အဖွဲ့ကထုတ်ပယ်ခံရတဲ့အထိ ပြဿနာကြီးသွားခဲ့တာပါ။

အသံဖိုင်ထဲမှာ သူဟာ “ငါ အိုပါးလို့ အခေါ်ခံရတာ ကြိုက်တယ်လေ။ ဒါပေမယ့် fan တွေဆီကတော့မဟုတ်ဘူး။ အဲ့ဒါတော်တော်ဆိုးဆိုးပဲ။ Hi-Touch ဆိုရင်လဲ လူပေါင်း ၇၀၀၊၈၀၀ လောက်နဲ့ လက်ချင်းထိနေရတာ အန်တောင်ထွက်တော့မယ် သူတို့ခံတွင်းနံ့တွေကလဲ နံစော်နေတာပဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ကတော့ ၂၀၁၇ တုန်းကဖြစ်ပြီး ထို idol ကတော့ Boys24 အဖွဲ့ဝင်ဟောင်း Hwayoung ဖြစ်ပါတယ်။ ပရိတ်သတ်တွေဟာ ဒီအဖြစ်ကိုသိရတဲ့အခါမှာ သူ့ကိုစိတ်အနာကြီးနာခဲ့ကြပါတယ်။ သူကတော့ အသံဖိုင်ဟာ edit ထားတာလို့ ငြင်းဆိုခဲ့ပေမယ့် ပြဿနာတွေကိုရှင်းမရတဲ့အဆုံးတော့ အဖွဲ့ထဲက ထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

သူ့ရဲ့အရှုပ်တော်ပုံဟာ idol တွေအတွက်ဆင်ခြင်သတိထားစရာဖြစ်ခဲ့ပြီး fans တွေအတွက်ကတော့ သူတို့ idol ရဲ့စိတ်ရင်းအမှန်ကို သံသယဝင်စရာဖြစ်ခဲ့ပါတယ်။ ဘယ်လိုအကြောင်းကိစ္စမျိုးပဲရှိရှိ ကိုယ်အားပေးခဲ့တဲ့ idol ဆီက ဒီလိုစကားမျိုးကြားရရင်တော့ နာကျင်ရမှာအမှန်ပါပဲ။

source : soompi
written : Dar Dar

Share