The Pirates : Goblin Flagမှာပါဝင်လာကြမည့် Kang Ha Neul, Han Hyo Joo, Sehun နှင့် Lee Kwang Soo

၂၀၁၄ခုနှစ်ရဲ့ အောင်မြင်သောရုပ်ရှင်တစ်ခုဖြစ်ခဲ့သော The Pirates ​၏နောက်ဆက်တွဲ ရုပ်ရှင်အတွက် ပါဝင်မည့်မင်းသား၊မင်းသမီးတို့ကို အတည်ပြုပြောပြလိုက်ပြီပဲ ဖြစ်ပါတယ်။

ကနဦးအစတွင် Exo အဖွဲ့ဝင် Sehun မှပါဝင်မည်ဟု ပြောကြားခဲ့ပြီးယခုတွင်တော့ သူနှင့်အတူ Kang Ha Neul, Han Hyo Joo ,Lee Kwang Soo, Chae Soo Bin နှင့် Kwon Sang Woo တို့လည်း ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုပြောကြားလိုက်ပါပြီ။

ထုတ်လုပ်ရေးဖြစ်သည့် Lotte Entertainment မှ “The Pirates: Goblin flag ဟာနောက်ဆုံးတော့ ပါဝင်မည့် အနုပညာရှင်များကို အတည်ပြုလိုက်နိုင်ပါပြီ။ရုပ်ရှင်ကိုတော့ ဇူလိုင်လတွင် စတင်ရိုက်ကူးမယ်လို့”ပြောခဲ့ပါတယ်။

The Pirates: Goblin flag ရုပ်ရှင်ဟာ ဂိုလျောခေတ်က ပျောက်ဆုံးသွားသော န်းတွင်းပိုင် ရတနာတစ်ခုကို ပင်လယ်ပြင်တွင် ရှာဖွေ့ကြမည့် အဖွဲ့တစ်ဖွဲ့အကြောင်းကို ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

Kang Ha Neul ကတော့ အဖွဲ့အစည်းတစ်ခု​၏ ဖြောင့်မတ်သည့် ခေါင်းဆောင် Woo Moo Chi အဖြစ်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ Han Hyo Joo ကတော့ ပင်လယ်ဓားပြခေါင်းဆောင် Hae Rang နေရာမှသရုပ်ဆောင်ပြီး တိုက်ခိုက်ရမည့်ဇာဝန်ခန်းများအတွက် လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်မည်ဟု ပြောကြားထားပါတယ်။

Exo အဖွဲ့ဝင် Sehun ကတော့ လေးမြှားကျွမ်းကျင်သည့် ပင်လယ်ဓားပြအဖြစ် မြင်တွေ့ရာမှဖြစ်ပြီး Lee Kwang Soo ကိုလည်း Mark Yi ဆိုသည့် ပင်လယ်ဓားပြတစ်ဦးအဖြစ် မြင်ရမှာပါ။

ထိုကဲ့သို့ သရုပ်ဆောင်ကောင်းများစွာ ပါဝင်သော The Pirates: Goblin Flagကို ပရိတ်သတ်များကများစွာမျှော်လင့်ထားကြပါတယ်။ Lee Kwang Soo နှင့် Sehun တို့မှာလည်း Busted အစီအစဉ် တွင်အတူတူပါဝင်ဖူးသည့်အတွက် ပရိတ်သတ်များက သူတို့နှစ်ဦး​၏ ညီအကိုသံယောဇဉ်ကို သိပြီးသားဖြစ်မှာပါ။

သူတို့နှစ်ဦးစလုံး ပါဝင်သရုပ်ဆောင်ကြမည့် အဆိုပါရုပ်ရှင်ကိုလည်း များစွာမျှော်လင့်ထားကြပါတယ်။ဒါ့ကြောင့် ရုပ်ရှင်ထွက်ရှိလာလျှင်လည်း အင်တိုက်အားတိုက် အားပေးလိုက်ကြရအောင်နော်။

Source:Soompi
Written : Phoo Phoo

Share