ကလေးမိခင်တွေဖြစ်နေကြပေမယ့် အခုထိနုပျိုလှပနေကြတဲ့ ကိုရီးယားမင်းသမီး (၇) ဦး

မိန်းကလေးတွေအနေနဲ့ ငယ်ရွယ်စဉ်မှာ လှပနေတာတော့အဆန်းမဟုတ်ပေမယ့် အိမ်ထောင်ရှင်မဖြစ်တဲ့အထိ ကျော့ရှင်းလှပနေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒီမင်းသမီး (၇) ယောက်ကတော့ သားသမီးတွေရရှိပြီးတာတောင် အခုထိ လူတကာငေးမောရအောင် လှပနေဆဲပါပဲ။

၁။ Kim Tae Hee


အဆိုတော် Rain နဲ့ ၂၀၁၇ ခုနှစ်တည်းက လက်ထပ်ထားပြီး သားသမီးနှစ်ယောက် ထွန်းကားပြီးတာတောင် မျက်နှာရောကိုယ်လုံးလေးရော အပြစ်ပြောစရာမရှိ လှနေတုန်းပါ။ ဒုတိယကလေးကို မွေးပြီး သိပ်မကြာခင်မှာပဲ Hi Bye Mama ဇာတ်လမ်းတွဲမှာ သူမရဲ့ရင်သပ်ရှုမောစရာအလှကြောင့် အသက် ၄၁ နှစ်ရှိပြီဆိုတာတောင် ပရိတ်သတ်တွေ မေ့လျော့ခဲ့ရပါတယ်။

၂။ Kim Hee Ae


​The World of the Married ဇာတ်လမ်းတွဲမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးကတော့ ၁၉၉၇ ခုနှစ်တည်းက လက်ထပ်ထားပြီး အရွယ်ရောက်နေတဲ့ သားသမီးတွေပိုင်ဆိုင်ထားပေမယ်​့ အခုထိလှနေတုန်းဖြစ်သလို ဖက်ရှင်တွေကလဲ လန်းလွန်းတာမို့ အသက် ၅၃ လို့တောင်မထင်ရပါဘူး။

၃။ Jun Ji Hyun


ကိုရီးယားရဲ့ဝင်ငွေအမြင့်ဆုံးနဲ့ အအောင်မြင်ဆုံးမင်းသမီးတွေထဲမှာ ထိပ်ဆုံးကပါဝင်တဲ့ Jun Ji Hyun ကလဲ သားသမီးနှစ်ယောက်ရှိပါတယ်။ ပထမ ကလေးကိုရရှိပြီး သိပ်မကြာခင်မှာ ပါဝင်ခဲ့တဲ့ Legend of the Blue Sea ထဲက သူမရဲ့ခန္ဓာကိုယ်ကျော့ရှင်းမှုကိုတော့ ပရိတ်သတ်တွေ မှင်သက်ခဲ့ရပါတယ်။

၄။ Lee Young Ae


မြန်မာပရိတ်သတ်တွေ ချန်ဂင်လို့သိကြတဲ့ မင်းသမီးချော Lee Young Ae ကလဲ အသက် ၅၀ ရှိပြီဖြစ်သလို သားသမီးလေးနှစ်ယောက်ပိုင်ဆိုင်ထားပါတယ်။ အလွန်လှပတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့သူမဟာ အခုလဲ ကြွေရုပ်လေးလိုနုဖတ်ပြီး အလှမလျော့သေးပါဘူး။

၅။ Kim Hee Sun


၁၉၉၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်ခဲ့ပြီး အခုချိန်ထိ အလှဆုံးမင်းသမီးတွေထဲမှာ ပါဝင်တဲ့သူမဟာ အသက် ၄၃ နှစ်ရှိပြီး သားသမီးတစ်ယောက်ရပြီးတာတောင် အချိုးအစားအရမ်းလှတဲ့ကိုယ်လုံးလေးနဲ့ ဆွဲဆောင်မှုပြင်းတဲ့ မျက်နှာလေးကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။

၆။ Lee Bo Young


မင်းသား Ji Sung ရဲ့ဇနီးချောလေးဖြစ်တဲ့ သူမဟာ ၂၀၁၃ ခုနှစ်တည်းက အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက်ရဲ့ မေမေဖြစ်နေပေမယ့် အခုထိကျော့ရှင်းနုပျိုနေတုန်းပါ။ လက်တလောထွက်ရှိထားတဲ့ When My Love Blooms ဇာတ်လမ်းတွဲမှာ ၄၁ နှစ်အရွယ်သူမရဲ့ ချောမောမှုကိုတွေ့နိုင်ပါတယ်။

၇။ Lee Min Jung


စူပါမင်းသား Lee Byung Hun ရဲ့ဇနီးဖြစ်ပြီး သားလေးတစ်ယောက်ရှိတဲ့ မင်းသမီးချောဟာ အပျိုလေးတွေရှုံးတဲ့ ခန္ဓာကိုယ်အချိုးအဆစ်နဲ့ အသားအရည်ကိုပိုင်ဆိုင်ထားပါတယ်။ သရုပ်ဆောင်အလုပ်မှာရော အလှအပမှာပါ မင်းသမီးငယ်လေးတွေကို ယှဉ်နိုင်ပါတယ်။

ဒီမင်းသမီးတွေကတော့ မိသားစုဘဝမှာသာမက အလှအပမှာရော လုပ်ငန်းခွင်မှာပါ ပြောစရာမရှိအောင် အဖက်ဖက်ကအောင်မြင်နေတဲ့ ကံကောင်းလွန်းတဲ့ မိန်းမသားတွေလို့ပဲ ဆိုရမှာပေါ့နော်။

source : metro style
written : Dar Dar

Share