Blackpink အဖွဲ့ဝင် Lisa ​ဝတ်ဆင်သည့် နာမည်ကျော် Celine brand မှ တန်ဖိုးကြီးဝတ်စုံများ

Blackpink အဖွဲ့ဝင် Jennie ဟာ Chanel ​၏ brand ambassador ဖြစ်သည့်ဟုဆိုလျှင် Lisa ကတော့ Celine brand ကိုတာဝန်ယူထားသူပဲ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလကတည်းက Lisa ဟာ Celine brand မှ ဝတ်စုံများကို ပွဲအတော်များများတွင် ဝတ်ဆင်ခဲ့ပါတယ်။

Celine မှဝတ်စုံများကို Lisa ဝတ်ဆင်လိုက်လျှင် အဆိုပါbrand​၏ ပင်တိုင်မော်ဒယ်များထက်ပင် ပို၍ကြည့်ကောင်းသည်ဟူ၍ သတ်မှတ်ခံရပါတယ်။ သူမဝတ်ဆင်ထားသည့် Celine မှဝတ်စုံများနှင့် အဆိုပါဝတ်စုံ​၏ စျေးနှုန်းတန်ဖိုးကိုဖော်ပြပေးလိုက်ပါတယ်။

1. ခေါင်းမှ ခြေအဆုံး Celine မှ ဝတ်စုံများကိုဝတ်ဆင်၍ ၂၀၁၉ခုနှစ် Paris Men’s Fashion Week သို့တက်ရောက်ခဲ့ပါတယ်။သူမရဲ့ Jacket နှင့် Boots ကိုတော့ Celine​၏ winter collection မှဖြစ်ပြီး သူမ​၏ဂျင်းဘောင်းဘီကတော့ $820 တန်ဖိုးရှိပါတယ်။သူမလွယ်ထားသည့် အိတ်ဆိုရင်ဖြင့် $3450 (မြန်မာငွေ ၄၈သိန်းခန့်)တန်ဖိုးရှိပါတယ်။

2. သူမ​၏ လေဆိပ်ဖက်ရှင်အဖြစ် ဝတ်ဆင်ထား သည့် Celine မှထုတ်ထားသည့် Coat ဟာဆိုရင်ဖြင့် $3700 (မြန်မာငွေ ၅၁သိန်းခန့်) တန်ကြေးရှိပါတယ်။ လက်ဆွဲအိတ်ဟာဆိုရင်ဖြင့် $2700 တန်ကြေးရှိပြီး ဝတ်ဆင်ထားသည့် sneakers ဟာဆိုရင်ဖြင့် $590 တန်ပါတယ်။

3. Youth With You အစီအစဉ်တွင် mentor (ဆရာ)အဖြစ် ပါဝင်ခဲ့သော Lisa ဟာဆိုရင်ဖြင့် ကျောင်းသူတစ်ဦး​၏ပုံစံမျိုးဖြင့် ဝတ်ဆင်ခဲ့ပါတယ်။သူအ​၏အပေါ်ထပ်ဝတ်ဆင်ထားသည့် ဝတ်စုံများဟာဖြင့် $3750 တန်ကြေးရှိပါတယ်။

4.Golden Disa Awards ကိုလည်း Lisa က Celineမှ အနက်ရောင်နှင့် အဖြူရောင်စပ်ထားသည့် ဂါဝန်ကို ဝတ်ဆင်ခဲ့ပါတယ်။ သူမဟာ Celine မှထုတ်ထားသည့် လည်ဆွဲကို ဆွဲထားပါတယ်။

5.အဆိုပါပုံကတော့ သူမ Paris သို့သွားစဉ် အခါတုန်းကဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ Lisa ဝတ်ဆင်ထားသည့် ဂါဝန်ဟာဆိုရင် $2750 တန်ပြီး shoes ဟာဆိုရင်ဖြင့် $590 တန်ကြေးရှိပါတယ်။

Lisa ဟာ Celine အပြင် အခြားတန်ဖိုးကြီး Brand မှ ဝတ်စုံများကိုလည်း ဝတ်ဆင်ပါတယ်။ ဘယ် Brand ဘယ်ဝတ်စုံမဆို သူမကိုယ်ပေါ်ရောက်လျှင် အလွန် လိုက်ဖက်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်တွင်လည်း Lisa နှင့် ပက်သက်သည့် သတင်းများကို Lisa ပရိတ်သတ်များအတွက် ဆက်လက်ဖော်ပြပေးပါဦးမည်။ အစဉ်ကြိုးစားလျက်…။

Source: Koreaboo
Written: Phoo Phoo

Share