Yoo Jae Suk နဲ့ Jo Se Ho တို့ရဲ့ အစီအစဉ်မှာ ပါဝင်သွားမယ့် EXO’s Baekhyun

EXO ရဲ့ Baekhyun ကတော့ Yoo Jae Suk နဲ့ Jo Se Ho တို့ရဲ့ အစီအစဉ် ” You Quiz on the Block” မှာ ဧည့်သည်အနေနဲ့ ပါဝင်သွားမှာပါ။ “You Quiz on the Block ” အစီအစဉ်ဆိုတာကတော့ Host တွေဖြစ်ကြတဲ့ Yoo Jae Suk နဲ့ Jo Se Ho တို့ဟာ လမ်းမများပေါ်မှာ အရပ်သားလူများနဲ့ တွေ့ဆုံစကားပြောကာ ဉာဏ်စမ်းမေးခွန်းများ မေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ COVID-19 ဖြစ်ပွါးမှုကြောင့် လမ်းမများပေါ်မသွားတော့ပဲ အနုပညာရှင်၊ ကျော်ကြားတဲ့ လူများနဲ့ တွေ့ဆုံကာ စကားပြောတဲ့ အစီအစဉ်အဖြစ် ပြောင်းလဲ ပြသနေတာပဲ ဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့၊ Xsportsnews ရဲ့ သတင်းအရတော့ Baekyun ဟာ ဒီအစဉ်ရဲ့ ရိုက်ကူးရေးကို ပျော်ရွှင်စွာနဲ့ ပြီးစီး ရိုက်ကူးခဲ့ပြီလို့ ဆိုပါတယ်။ ” You Quiz on the Block” ကတော့ Baekyun ရဲ့ ပါဝင်မှုကို အပိုင်း (၆၁) မှာ ပြသသွားမယ်လို့ ဆိုပါတယ်။

Baekhyun ပါဝင်တဲ့ ” You Quiz in the Block” အပိုင်း (၆၁) ကိုတော့ ဇူလိုင်လ ၁ ရက်နေ့ ကိုရီးယားစံတော်ချိန်ည ၉ နာရီ ( မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ) မှာ tvN ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသသွားမှာပါ။ Baekhyun ပါဝင်တဲ့ ” You Quiz on the Block” ကို တူတူ စောင့်ဆိုင်းကြရအောင်နော်။

Source: Soompi
Written: Gyi Gyi

Share