တွဲချင်သည့် မိန်းကလေးပုံစံမျိုးကို ပြောပြခဲ့သည့် Lee Dong Wook

သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် ပျိုတိုင်းကြိုက်နှင်းဆီခိုင် မင်းသား Lee Dong Wook ကတော့ အစီအစဉ်တစ်ခုတွင် သူလိုချင်သည့်ချစ်သူပုံစံမျိုးကို ပြောပြခဲ့ပါတယ်။ Lee Dong Wook ဟာဆိုရင် Goblin ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း မိန်းကလေးတိုင်းလိုချင်သည့် Ahjushi (ဦးလေးကြီး) type ဖြစ်လာခဲ့ပါတယ်။

၂၀၂ဝခုနှစ် ဖေဖေါ်ဝါရီလ ၂၆ရက်နေ့တွင် ပြုလုပ်ခဲ့သော SBS ရုပ်သံလိုင်း၏ အစီအစဉ်တွင် မင်းသား Lee Dong Wook ဟာ အမျိုးသမီးဟာသသရုပ်ဆောင် Jang Do yeon နှင့်အတူ စကားလက်ဆုံကြခဲ့ပါတယ်။

အဆိုပါစကားဝိုင်းတွင် Lee Dong Wook ကဘယ်လိုအမျိုးသမီးမျိုးက သူ့ကိုဆွဲဆောင်နိုင်လဲဆိုတာကို ပြောပြခဲ့ပါတယ်။ Jang Do Yeon မှ သူဟာ သူ့ကိုတန်ဖိုးထားသည့် အမျိုးသားမျိုးကို သဘောကျကြောင်း ပြောခဲ့ပါတယ်။

ထိုအခါ Lee Dong Wook မှ “ကျွန်တော်အတွက်လည်း အလားတူပါပဲ။ အရေးကြီးဆုံးကတော့ ကျွန်တော်နဲ့ စိတ်ချင်း နီးစပ်နေတာမျိုး။ ကျွန်တော်နဲ့ ဘယ်အကြောင်းအရာမဆို တိုင်ပင်ဆွေးနွေးနိုင်မယ့်သူမျိုးကို သဘောကျတယ်။

ဆက်၍ “ဒါ့အပြင်ကျွန်တော်နဲ့ အတူတူ ရယ်ပေးနိုင်တာမျိုး ဘာဖြစ်လို့လဲဆိုတော့ တယောက်နှင့်တယောက် ရီရတယ်လို့ထင်တဲ့ အကြောင်းအရာတွေက မတူနိုင်ဘူးလေ။ ကျွန်တော်က ကျွန်တော်ချစ်တဲ့သူနဲ့အတူတူ အကြောင်းအရာတစ်ခုကို အတူတူရီချင်တာ။

ပြီးတော့ ကျွန်တော်မှီခိုလို့ရမယ့်သူမျိုးကိုလိုချင်တယ်။ ကျွန်တော်စိတ်ပင်ပန်းတာမျိုး၊ အခက်အခဲတွေကြုံတဲ့အခါမျိုးမှာ ရင်ဖွင့်နိုင်မယ့်သူမျိုးကို တွေ့ရင်တော့ကောင်းမှာပါ”ဟူ၍ ပြောပြခဲ့ပါတယ်။

Lee Dong Wook ဟာဆိုလျှင် ယခုအချိန်တွင် အသက်အရွယ်အားဖြင့် လူပျိုကြီးစာရင်းထဲသို့ ဝင်လာပြီလည်း ဖြစ်ပါတယ်။ပရိတ်သတ်များကတော့ သူ့၏အနာဂတ် ဇနီးလောင်း(သို့မဟုတ်) ချစ်သူဟာ ဘယ်သူဖြစ်မလဲဆိုတာကို သိချင်နေကြပါတယ်။

လတ်တလောတွင်တော့ Lee Dong Wook ဟာ ဇာတ်လမ်းတွဲအသစ်တစ်ခု ရိုက်ကူးရန်ဆွေးနွေးနေတယ်လို့သိရပါတယ်။ ၂၀၂ဝတွင်လည်း သူ၏ ဇာတ်လမ်းတွဲ အသစ်ကို တွေ့မြင်ရဦးမှာပါ။

Source: SBS star
Written:Phoo Phoo

Share