ဒရမ်မာပိတ်ကားပေါ်ကိုပြန်လည်ရောက်လာတော့မယ့်Song Jihyo ရဲ့ Was it love? စီးရီးအကြောင်း

ဒရမ်မာပိတ်ကားထက်မှာအတန်ကြာပျောက်နေတဲ့ Song Jihyo ကိုလွမ်းနေကြတဲ့fanလေးတွေရှိလား?ရှိရင်တော့အလွမ်းတွေဖြေဖျောက်ဖို့အချိန်ရောက်လာပါပြီနော်။ လွန်ခဲ့တဲ့နှစ်နှစ်ကထွက်ရှိခဲ့တဲ့ Lovely Horribly ဇာတ်လမ်းတွဲပြီးတဲ့နောက်သူမကိုပထမဆုံးပြန်မြင်ရမယ့် drama တစ်ခုထုတ်လွှင့်သွားဖို့ရှိပါတယ်။

ဇူလိုင်လ ၈ ရက်နေ့မှာ Jihyo unnie ပါဝင်တဲ့ Netflix Drama တစ်ခုဖြစ်တဲ့ ‘Was it love’ ကိုစတင်ထုတ်လွှင့်တော့မှာပါ။ Romantic-comedy အမျိုးအစားလေးဖြစ်ပြီး သူမက၁၄နှစ်ကြာ သမီးလေးကိုတစ်ယောက်တည်းပျိုးထောင်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူ Noh Ae Jeong အနေနဲ့သရုပ်ဆောင်သွားမှာပါ။

Song Jihyo နဲ့အတူ Um Chae Young, Son Ho Jun, Song Jong Ho, Koo Ja Sung, Kim Min Jun, Kim Da Som စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်မှာဖြစ်လို့အောင်မြင်ဦးမယ့် drama တစ်ခုပါပဲ။

source: cosmopolitan philippine
written: helra

Share