Ji Chung Wook ရဲ့အနုပညာသက်တမ်းတစ်လျှောက်အအောင်မြင်ခဲ့ဆုံးစီးရီးများ

Ji Chung Wook လို့ဆိုရင်တိုက်ရခိုက်ရတဲ့ဇာတ်လမ်းတွေရော အချစ်ဇာတ်လမ်းတွဲလေးတွေမှာပါ သရုပ်ဆောင်ပီပြင်တဲ့ မင်းသားအဖြစ် အားလုံးပဲသိပြီးဖြစ်မှာပါ။ အခုသူ့ရဲ့ အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Worrior Baek Dong Soo (2011)

ဂျိုဆွန်းခေတ်ကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ Ji Chung Wook ဟာ Baek Dong Soo ဆိုတဲ့ဂျိုဆွန်းခေတ်ကတကယ်သက်ရှိထင်ရှားရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက် character အတိုင်းပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြနိုင်ခဲ့ပြီးသရုပ်ဆောင်လောကမှာနေရာတစ်နေရာရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၂။ The K2 (2016)

၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ The K2 ကလည်း သူ့ရဲ့အောင်မြင်ခဲ့တဲ့စီးရီးတစ်ခုပါပဲ။ မှားယွင်းစွပ်စွဲခဲရပြီးဝရမ်းပြေးဖြစ်ခဲ့တဲ့ K2 တစ်ဖြစ်လဲ Je Ha (Ji Chung Wook) ကအကြောင်းအမျိုးမျိုးကြောင့် Go An Na (Yoona) ရဲ့သက်တော်စောင့်အနေနဲ့ အမှုထမ်းခဲ့ပါတယ်။ နိုင်ငံရေးအငွေ့အသက်လည်းအနည်းငယ်ပါတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပြီးYoona နဲ့တွဲဖက်ညီညီသရုပ်ဆောင်မှုတွေက ပရိတ်သတ်ကိုအားရကျေနပ်စေခဲ့ပါတယ်။

၃။ Empress Ki (2013)

goryeo ခေတ်ကစည်းမျဉ်းစည်းကမ်းတွေကိုသွေဖည်ပြီးဘုရင်မဖြစ်လာခဲ့တဲ့ Empress Ki (Ha Ji Won) နဲ့လက်ဆက်ခဲ့တဲ့ ယွမ်မင်းဆက်ရဲ့ Ta Hwan အနေနဲ့ ဇာတ်ရုပ်ပီပြင်ခဲ့ပါတယ်။ဒီမှာတော့ ရိုးရာဝတ်စုံတွေနဲ့ခန့်ညားတဲ့ Ji Chung Wook ကိုမြင်တွေ့ရမှာပါနော်။

၄။ Suspicious Partner (2017)

၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Suspicious partner မှာတော့ စုံစမ်းစစ်ဆေးရေးမှူးကနေ Law firm တစ်ခုကိုပြောင်းလုပ်နေတဲ့ ရှေ့နေ Noh Ji Wookအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ ချစ်စရာမင်းသမီးလေး Nam Ji Hyun နဲ့လည်းအတွဲညီခဲ့ပြီး ထွက်ရှိခဲ့တဲ့အချိန်ကပရိတ်သတ်တွေနှုတ်ဖျားမှာရေပန်းစားခဲ့တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။

၅။ Healer (2014)

Ji Chung Wookကို healer မင်းသားရယ်လို့မြန်မာပရိတ်သတ်တွေသိလာရလောက်အောင်အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုပါနော်။ ဒီဇာတ်လမ်းမှာတော့လွန်ခဲ့တဲ့နှစ်တွေကမတရားမှုတစ်ခုကိုဖော်ထုတ်ဖို့ဖြစ်လာတဲ့ Healer ဆိုတဲ့နာမည်ဝှက်နဲ့လှုပ်ရှားနေသူတစ်ဦးအဖြစ်ပါဝင်ပြီးပရိတ်သတ်ရင်ကိုဖမ်းစားခဲ့ပါတယ်။

၆။ Melting me softly (2019)

၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Sci-fi အမျိုးအစားဒီဒရမ်မာလေးကလည်းအောင်မြင်ခဲ့ပါတယ်နော်။ ဒီမှာတော့သိပ္ပံစမ်းသပ်မှုတစ်ခုကြောင့်အနှစ် ၂၀ ကြာအိပ်ပျော်သွားခဲ့တဲ့ရသစုံရှိုးရိုက်ကူးသူ Ma Dong Chan အနေနဲ့သရုပ်ဆောင်ပီပြင်ခဲ့ပါတယ်။ အထက်ပါ ဇာတ်လမ်းတွဲတွေကတော့ Ji Chang Wook ရဲ့ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲကမှ ပရိတ်သတ်တွေ သဘောအကျဆုံးဖြစ်ခဲ့တဲ့ ဇာတ်လမ်းအချို့ပါ။ လောလောဆယ်မှာ Backstreet Rookie ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့လဲ စတင်ထုတ်လွှင့်ကတည်းက အောင်မြင်မှုများစွာ သိမ်းပိုက်ထားပါတယ်။

Source : romantic tv
Written : helra

Share