အနုပညာရှင်နှင့် ကောလဟာလဆိုတာဟာ ခွဲလို့တော့မရပါဘူး။ အချို့သတင်းများကအမှန်ဖြစ်ပေမယ့်လည်း အချို့ကျတော့ သေးငယ်လှသောအမှားမျိုးကို ပုံကြီးချဲ့ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ ယခုဖော်ပြပေးမည့် အနုပညာရှင်များကတော့ သူတို့လုပ်ခဲ့သည့် ပြသနာအချို့ကြောင့် အနုပညာလောကတွင် ခေတ္တအနားယူခဲ့ရသည့် သူများဖြစ်ပါတယ်။
1. Oh Hyun Kyung
မင်းသမီး Oh Hyun Kyung ဟာ ၁၉၉၈ ခုနှစ်တွင် အကြီးအကျယ် သတင်းတစ်ခုထွက်ခဲ့ပါတယ်။ သူမနှင့်သူမချစ်သူ၏ အတွင်းရေးဗီဒီယိုဟာ online ပေါ်တွင်ပျံနှံံ့ခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ သူမချစ်သူမှခွင့်ပြုချက်မရှိဘဲ ရိုက်ကူးခဲ့သော်လည်း လူအများကသူမကိုသာ အပြစ်တင်ပြောဆိုခဲ့ကြပါတယ်။
ဒါကြောင့်ပင် Oh Hyun Kyung ဟာအနုပညာလောကနှုတ်ထွက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကတွင်ပါ ပြောင်းရွေ့ခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်တွင်တော့ သူမဟာ အနုပညာလောကသို့ ပြန်လည်ရောက်လာခဲ့ပါတယ်။
ဆယ်နှစ်ခန့် ရပ်နားပြီးမှ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအချိန်မှာတော့ လူအများကလည်းသူမ၏နောက်ကြောင်းကို မေ့လျော့သွားကြပြီး သူမ၏အနုပညာကို အားပေးသည့် ပရိတ်သတ်များလည်း ရှိလာခဲ့ပါပြီ။
2.Han Ye Seul
Han Ye Seul ကတော့ Spy Myung-Wol ဆိုသည့် ဇာတ်လမ်းတွဲ သရုပ်ဆောင်ခဲ့ပါတယ်။ သို့သော် Han Ye Seul ဟာ ရုပ်ရှင်ရိုက်ကွင်းသို့ ရောက်မလာပဲ အမေရိကကို ထွက်သွားသည်ဆိုသည့် သတင်းများထွက်လာခဲ့ပါတယ်။
Han Ye Seul ဟာ သူမကိုအတင်းအကြပ် အလုပ်များခိုင်းစေသောကြောင့် ယခုလိုထွက်သွားရခြင်း ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သို့သော်သူမ၏ လုပ်ရပ်များဟာ တာဝန်ယူမှု၊တာဝန်ခံမှုမရှိဘူးဆို၍ လူအများက အပြစ်တင်ပြောဆိုခဲ့ပါတယ်။ ထို့နောက်တွင်တော့ သူမဟာ အဆိုပါဇာတ်လမ်းတွဲကို ပြီးစီးအောင်ရိုက်ကူးခဲ့ပြီး အနုပညာလောမှ ၃နှစ်ခန့်အနားယူခဲ့ရပါတယ်။
3.Kim Hyun Joong
၂၀၁၄ခုနှစ်မှာတော့ မင်းသား Kim Hyun Joong ဟာသူ့၏ချစ်သူဟောင်းကို ရိုက်နှက်ခဲ့သည်ဆိုပြီး တရားဆွဲခံခဲ့ရပါတယ်။အဆိုပါရည်းစားဟောင်းကိစ္စနှင့် ပက်သက်၍ အလုံးစုံဖြေရှင်းပြီးသော်လည်း သူရဲ့အနုပညာအလုပ်များကိုတော့ များစွာထိခိုက်ခဲ့ပါတယ်။
၂၀၁၈ခုနှစ်တွင်တော့ Kim Hyun Joong ဟာ When Time Stops ဆိုသည့် ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပါတယ်။ သို့သော်ပရိတ်သတ်အတော်များများကတော့ မင်းသားအနုပညာအလုပ်များ ပြန်လုပ်လာသည်ကို မနှစ်သက်ခဲ့ပါ။ ယခုလိုထွက်ရှိခဲ့သော သတင်းများကြောင့် မင်းသားဟာ အနုပညာလောကတွင် နာမည်အတော်ပင် ထိခိုက်ခဲ့ရပြီး အဆင်မပြေမှုများစွာ ရှိခဲ့ရပါတယ်။
4.Han Ji Sun
၂၀၁၉ခုနှစ်တွင်တော့ Han Ji Sun ဟာ Taxi driver တစ်ဦးကို ရုပ်ပိုင်းဆိုင်ရာထိရောက်စော်ကားမှုပြုလုပ်ခဲ့သည် ဆို၍သတင်းများထွက်လာခဲ့ပါတယ်။ Han Ji Sun ဟာအဆိုပါ Taxi driver ကိုတောင်းပန်ရန်ကြိုးစားခဲ့သော်လည်း ပရိတ်သတ်များကသူမ၏လုပ်ရပ်ကို လက်မခံနိုင်ဖြစ်ခဲ့ရပါတယ်။
အပြစ်တင်ပြောဆိုမှုများကိုလည်းခံခဲ့ရပြီး အနုပညာအလုပ်များလည်း နစ်နာဆုံးရှုံးခဲ့ရပါတယ်။ပါဝင်သရုပ်ဆောင်မည့် The Secret Life my secretary ဇာတ်လမ်းတွဲမှလည်း နှုတ်ထွက်ခဲ့ရပါတယ်။
အဆိုပါဖြစ်ရပ်ဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိတော့ Han Ji Sunကို အနုပညာလောကတွင်တော့ အရိပ်အယောင်ပင် မတွေ့ရှိရတော့ပါ။
5.Lee Kyung Young
အသက်မပြည့်သေးသောအမျိုးသမီးတစ်ဦးကို ထိပါးနှောက်ယှက်မှုနှင့် ပက်သက်၍ Lee Kyung Young ဟာ ၂၀၀၂ခုနှစ်တွင် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ တက်သစ်စမင်းသမီးငယ်တစ်ဦးဟာ ဇာတ်လမ်းတွဲတစ်ခုတွင်သရုပ်ဆောင်ခွင့်ပေးမည်ဆိုပြီး အမြတ်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါပြစ်မှုကြောင့် ထောင် (၁၀)လကျခဲ့ပြီး အနုပညာအသိုင်းအဝိုင်းမှ လုံးဝထုတ်ပယ်ခံလိုက်ရပါတယ်။၂၀၁၄ခုနှစ်တွင်တော့ အနုပညာအလုပ်များ ပြန်လည်လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂ဝတွင် နာမည်ကြီးခဲ့သော The world of the married ဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ယခုဖော်ပြပေးခဲ့တာကတော့ သူတို့လုပ်ရပ်အချို့ကြောင့် အနုပညာလောကမှ ခေတ္တရပ်ဆိုင်းလိုက်ရသူများပင်ဖြစ်ပါတယ်။ ရှိသည့်သည့်အပြစ်ထက် ပိုမို၍နစ်နာခဲ့ရသူများလည်း ပါနေပါတယ်။ သို့သော်အချို့ကိုတော့ ပရိတ်သတ်များက ယခုအချိန်ထိလက်မခံနိုင်သေးပါ။အခုလို အချိန်ပေးပြီး ဖတ်ရှုမှုကို ကျေးဇူးအထူးတင်ပါတယ်။
Source: Koreaboo
Written:Phoo Phoo