Song Hye Kyo ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရိုက်ကူးခဲ့တဲ့ အကောင်းဆုံးဇာတ်လမ်းတွဲ (၆) တွဲ

အနုပညာသက်တမ်း နှစ်နှစ်ဆယ်ကျော်နေပေမယ့် အခုချိန်ထိ အောင်မြင်မှုရော အလှအပရော လျော့ပါးမသွားသေးတဲ့ မင်းသမီး Song Hye Kyo ကိုတော့ လူတိုင်းချစ်ကြမှာပါ။ သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲပေါင်းများစွာထဲကမှ ပရိတ်သတ်တွေ အထင်ကရအဖြစ်ဆုံး ဇာတ်လမ်းတွဲအချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ Autumn In My Heart


Song Hye Kyo လို့ပြောလိုက်တာနဲ့ အွန်စောလို့ အားလုံးပြေးမြင်ကြတဲ့အထိ ကေဒရမ်မာကို ကမ္ဘာကသိစေခဲ့တဲ့ ဇာတ်လမ်းတွဲပါ။ Song Hye Kyo ဟာ အဲ့ဒီစီးရီးမှာ ကြည့်ရှုသူတွေ သူနဲ့အတူလိုက်ငိုရတဲ့အထိ ရင်နင့်စရာကောင်းအောင် သရုပ်ဆောင်ပြခဲ့တာမို့ သူ့ကို ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။

၂။ Full House


မြန်မာပရိတ်သတ်တွေ အတော်များများ ချစ်စံအိမ်လို့ သိကြတဲ့ဇာတ်လမ်းတွဲလေးပါ။ မင်းသား Rain နဲ့အတူ လိုက်ဖက်စွာ သရုပ်ဆောင်ခဲ့ပြီး ကြည့်ရှုသူတွေကို ကြည်နူးစေ ရယ်မောစေခဲ့ပါတယ်။ ဇာတ်လမ်းလေးကောင်းသလို Song Hye Kyo ရဲ့ အလှတရားဟာလဲ ကြည့်မဝစရာပါပဲ။

၃။ Worlds Within


ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ ရုပ်ရှင်ဒါရိုက်တာမလေးအဖြစ် Song Hye Kyo ကိုတွေ့မြင်ခဲ့ရပါတယ်။ တွဲဖက်မင်းသားကတော့ Hyun Bin ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်ရတဲ့ အခက်အခဲတွေကို ပုံဖော်ထားသလို romantic ဖြစ်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုလဲ တွေ့ရတဲ့ စီးရီးကောင်းလေးပါ။

၄။ The Winter That Wind Blows


Song Hye Kyo ဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုရဲ့ အမွေဆက်ခံသူအဖြစ် သရုပ်ဆောင်ခဲ့ပြီး မျက်မမြင်မလေးအဖြစ် တကယ်ကိုပီပြင်ခဲ့ပါတယ်။ မင်းသားအနေနဲ့ Jo In Sung ပါဝင်ပြီး Hye Kyo ရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်မှုကို မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲကောင်းလေးပါပဲ။

၅။ Descendants of the Sun


ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုလို့ပြောရမှာပါ။ အသက် ၃၀ ကျော်တဲ့အထိ ကြွေရုပ်ကလေးလိုလှနေပြီး ချစ်စဖွယ်ကောင်းအောင် ပြောဆိုသရုပ်ဆောင်တဲ့ ဟန်ပန်လေးတွေဟာ အထူးရေပန်းစားခဲ့ပြီး Song Joong Ki နဲ့ ပရိတ်သတ်တွေ အရမ်းသဘောတူခဲ့ကြတာပါ။

၆။ Encounter (Boyfriend)


စီးပွားရေးလုပ်ငန်းကြီးကို ဦးဆောင်ပြီး မိသားစုကြိုးဆွဲရာကနေရတဲ့ တည်ငြိမ်သူမမ ဇာတ်ရုပ်နဲ့လဲ လိုက်ဖက်တာပါပဲ။ မင်းသား Park Bo Gum ပါဝင်ပြီး ကြည်နူးစရာဇာတ်လမ်းပါ။ ဒီဇာတ်လမ်းတွဲမှာ သူမဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေဟာ တကယ်ကို ထည်ထည်ဝါဝါနဲ့ ကျက်သရေရှိပါတယ်။

ဒါကတော့ Song Hye Kyo ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေအများကြီးထဲကမှ ပရိတ်သတ်တွေ သဘောအကျဆုံးလို့ထင်ရတဲ့ ဇာတ်လမ်းတွဲလေးတွေကို ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့အကြိုက်ဆုံး ဇာတ်လမ်းတွဲလေးတွေကိုလဲ ဝေမျှသွားပါဦးနော်။

written : Dar Dar

Share