YG Entertainment ရဲ့ခွင့်ပြုချက်မရှိပဲ BLACKPINK အဖွဲ့ဝင်တွေ လုပ်ခွင့်မရှိတဲ့ အရာများ

Kpop စတားတစ်ယောက်ဖြစ်လာဖို့ဆိုရင် ရင်းနှီးရတဲ့အရာ စောင့်ထိန်းရမယ့်စည်းတွေ ရှောင်ကြဉ်ရမယ့်လုပ်ရပ်တွေ အများကြီးဆိုတာ အားလုံးလဲသိကြပါတယ်နော်။ YG ရဲ့ ညွှန်ကြားချက်အရ ဒီအချက်တွေကိုတော့ BLACKPINK အဖွဲ့ဝင်တွေက လုပ်ဖို့ပိတ်ပင်ခံထားရပါတယ်တဲ့။

၁။ ကားဝယ်ခွင့်မရှိ


BLACKPINK အဖွဲ့ဝင်တွေဟာ ယာဉ်မောင်းလိုင်စင် မရှိကြသလို ကားလဲဝယ်ယူခွင့်မရှိဘဲ YG ကစီစဉ်ပေးတဲ့ ကားနဲ့သာသွားလာရပါတယ်။ ကြည့်ရတာတော့ ကားမောင်းရင်ဖြစ်လာမယ့် မတော်တဆမှုတွေနဲ့ idol အများစုပြုလုပ်လေ့ရှိတဲ့ ကားထဲမှာချိန်းတွေ့တဲ့ကိစ္စကို ကာကွယ်ဖို့လို့ ယူဆရပါတယ်။

၂။ ပြည်ပခရီးသွားလာခြင်း


BLACKPINK အဖွဲ့ဝင်တွေဟာ YG ရဲ့ ခွင့်ပြုချက်မရှိပဲ ပြည်ပခရီးသွားလာခွင့်မရှိပါဘူး။ ဒါကတော့ YG ကအနုပညာရှင် အတော်များများ လိုက်နာရပုံပါပဲ။ အေဂျင်စီတူဖြစ်တဲ့ Winner ကလဲ စိတ်တိုင်းကျ ပြည်ပကိုသွားခွင့်မရှိကြောင်း ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောပြထားဖူးပါတယ်။

၃။ သီချင်း produce တာနဲ့ စာသားရေးတာ


YG အနုပညာရှင်အများစုက ကိုယ့်သီချင်းကို ကိုယ်တိုင်ရေးကြပေမယ့် BLACKPINK ကတော့ ဒီအချက်ကို ပိတ်ပင်ခံထားရတာ ထူးဆန်းပါတယ်။ Jennie ဟာ Stay နဲ့ Solo သီချင်းတွေမှာ စာသားပါဝင်ရေးစပ်ခဲ့ပေမယ့် တေးရေးအဖြစ် ဖော်ပြခြင်းမခံရဘူးလို့ ဆိုပါတယ်။

၄။ မျက်နှာခွဲစိတ်ပြုပြင်မှု


ဒါကတော့ YG က အဆိုတော်တွေ အကုန်လိုက်နာရတဲ့စည်းကမ်းပါ။ မလိုအပ်ပဲ အလှအပအတွက် ခွဲစိတ်ပြုပြင်မှုကို ပိတ်ပင်ထားပါတယ်။ BLACKPINK အဖွဲ့ဝင်တွေကလဲ ခွဲစိတ်စရာမလိုအောင် လှကြသူတွေမို့ ဒီအချက်ကတော့ ဘာပဲဖြစ်ဖြစ်မလိုအပ်ပါဘူး။

source : koreaboo
written : Dar Dar

Share