ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး မျက်နှာပိုင်ရှင် အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ BTS အဖွဲ့ရဲ့ Jin

ဇွန်လ ၁၀ ရက်နေ့ကဒတ်ချ်နိုင်ငံက Sluis Painting ဆိုတဲ့အဖွဲ့က BTS အဖွဲ့က Jin ကအပြီးပြည့်စုံဆုံးမျက်နှာဆုအတွက်လျာထားခြင်းခံထားရတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ၁၉ ရက်နေ့မှာတော့သူက World’s most perfect face ဆုကိုထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့ပါတယ်။

ရွေးချယ်သူများအဖွဲ့က ခေတ်သစ်ဒီဂျစ်တယ်နည်းပညာ၊ သိပ္ပံပညာတွေနဲ့နိုင်ငံပေါင်း ၄၃ နိုင်ငံကရွေးချယ်ခံထားရသူတွေရဲ့မျက်နှာကိုသေချာခွဲခြမ်းစိတ်ဖြာပြီးလေ့လာခဲ့တာပါ။ Jin က Henry Cavill နဲ့ Jacob Elordi တို့ကိုဖြတ်ကျော်အနိုင်ရခဲ့ပါတယ်။

Jin ရဲ့မျက်နှာအချိုးအစားကသိပ္ပံပညာအရရော Golden ratio အရပါပြီးပြည့်စုံတဲ့မျက်နှာအနေအထားပါလို့ ဖော်ပြခဲ့ကြပါတယ်။ သူ့ရဲ့မျက်နှာအနေအထားနဲ့ပတ်သက်ပြီးချီးကျူးသံတွေဟာဒါပထမဆုံးမဟုတ်ပါဘူး။

၂၀၁၈ ကလည်းပလတ်စတစ်ဆာဂျရီဆရာဝန်တစ်ယောက်က Jinရဲ့မျက်နှာက ၁ : ၁.၆၁၈ အချိုးအတိုင်းကွက်တိဝင်တယ်လို့အမွှန်းတင်ခဲ့ပါတယ်။ Army တို့လည်းသူ့ရဲ့အချိုးအစားကျပြီးလှပတဲ့မျက်နှာလေးအတွက် ဂုဏ်ယူပြီးရင်းဂုဏ်ယူနေရပါပြီနော်။

source : koreaboo
written : helra

Share