ပုပုသေးသေးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ရင်ခွင်မှီအရပ်ပိုင်ရှင် ကိုရီးယားမင်းသမီး (၇) ဦး

ကိုရီးယားနိုင်ငံရဲ့ အလှအပစံနှုန်းနဲ့ကြည့်ရင်တော့ မိန်းကလေးတွေဟာ အရပ်ရှည်ပြီးသွယ်လျမှ လှပတယ်လို့ ယူဆကြတာပါတဲ့။ ဒါပေမယ့် ဒီမင်းသမီးတွေကိုကြည့်လိုက်ရင်တော့ အရပ်ပုတယ်ဆိုတာကလဲ ဆွဲဆောင်မှုတစ်မျိုးဖြစ်ကြောင်း မငြင်းဆန်နိုင်ကြတော့ပါဘူး။

၁။ Park Bo Young


အရပ် ၁၅၈ cm (၅’၂”) ပဲရှိတဲ့ မင်းသမီးလေး Park Bo Young ရဲ့အားသာချက်ကတော့ အသက် ၃၀ ကျော်နေတာတောင် ဆယ်ကျော်သက်ကလေးလို နုနယ်ပြီး ချစ်စရာကောင်းနေတာပါပဲ။ မျက်နှာလေးရော အရပ်လေးရောက တွဲဖက်ရိုက်ကူးသမျှ မင်းသားတိုင်းနဲ့ ချစ်ဖို့ကောင်းနေတာပါ။

၂။ Song Hye Kyo


တောင်ကိုရီးယားရဲ့ အလှပဂေးလေး Song Hye Kyo ကလဲ ပုပုသေးသေးလေးပါပဲ။ အရပ်က ၁၆၁ cm မို့ အခြားမင်းသမီးတွေလို မရှည်ပေမယ့် အသက် 38 နှစ်နဲ့မလိုက်အောင် နုနယ်ပျိုမြစ်တဲ့အသွင်နဲ့ လူတကာအားကျရတဲ့ ရုပ်ရည်အလှကြောင့် အမြဲတမ်းထင်ပေါ်နေတတ်ပါတယ်။

၃။ Jang Nara


ဒီစာရင်းထဲမှာ ပါတဲ့မင်းသမီးတွေအားလုံး အရွယ်နဲ့မလိုက်အောင် နုပျိုတယ်ဆိုတာ သတိထားမိပါသလား။ အနုပညာသက်တမ်းတင် ဆယ်စုနှစ်ကျော်နေတဲ့ Jang Nara ဟာ ၁၆၀ cm ပဲရှိတဲ့ အရပ်ကြောင့်ပဲလား ကလေးမျက်နှာလေးနဲ့ နုပျိုပြီး အရမ်းချစ်ဖို့ကောင်းတာပါ။

၄။ IU


အဆိုတော်လဲဖြစ်သလို သရုပ်ဆောင်လောကမှာလဲ အောင်မြင်တဲ့သူမဟာ သေးသေးသွယ်သွယ်လေး ဆိုတာအားလုံးသတိထားမိမှာပါ။ အရပ်က ၁၆၁.၈ cm ရှိပြီး ပွဲဦးထွက်စကရုပ်လေးနဲ့ အခုရုပ်ရည်နဲ့ယှဉ်ကြည့်ရင်တောင် ဘာမှကွာခြားမှုမရှိတဲ့ ထာဝရ ချစ်စရာကလေးငယ်လေးပါပဲ။

၅။ Nam Ji Hyun


ပွင့်လင်းတဲ့ပုံစံ ချိုသာတဲ့အပြုံးနဲ့ မင်းသမီးလေးရဲ့ အရပ်ကတော့ ၁၆၂ cm သာ ရှိပါတယ်။ မော်ဒယ်တွေလို အရပ်အမောင်းမရှိပေမယ့် သေးသေးလေးနဲ့ ဘာဝတ်ဝတ်လှနေတတ်သလို တွဲဖက်သမျှ မင်းသားတိုင်းနဲ့လဲ လိုက်ဖက်နေတာကတော့ သူမရဲ့ အားသာချက်ပါပဲ။

၆။ Kim Tae Hee


နတ်သမီးလိုအသွင်အပြင်နဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ Kim Tae Hee ဟာလဲ အရပ် ၁၆၃ cm သာရှိပါတယ်။ နုလားမနုလားဆိုတာကတော့ အသက် ၄၁ နှစ် ကလေးနှစ်ယောက်အမေဖြစ်နေတာတောင် ဒီလိုလှရက်နိုင်နေတာကိုသာ ကြည့်ပါတော့။

၇။ Goo Hye Sun


ဖြူဖွေးတဲ့အသားအရည် မျက်ဝန်းညိုလေးတွေနဲ့ ချစ်စရာမျက်နှာပိုင်ရှင် Goo Hye Sun ကလဲ အရပ် ၁၆၃ cm ပါပဲ။ သူ့ရဲ့အရပ်ကလေးကြောင့်ပဲ မိန်းမဆန်ဆန် သိမ်မွေ့တဲ့အသွင်လေးရှိသလို ပိန်ရင်လဲလှ ပြည့်ပြည့်လေးနဲ့လဲ ချစ်စရာကောင်းပါတယ်။

ကဲ.. Myanmar Cele Bar ပရိတ်သတ်တွေလဲ ဒီမင်းသမီးလှလှလေးတွေကို ကြည့်ပြီး အရပ်ပုပုလေးဖြစ်ရတာကို ဂုဏ်ယူကြမယ်လို့ထင်ပါတယ်နော်။ ပုလေ နုလေ နုလေ လှလေ ဆိုတာလဲ သူတို့ကသက်သေပါပဲ။

source : bias wrecker
written : Dar Dar

Share