အပိုင်း ၁ ထုတ်လွှင်ခဲ့ပြီးနောက် ပရိတ်သတ်များထံမှ ဝေဖန်မှုများရရှိခဲ့သည့် Backstreet Rookie ဇာတ်လမ်းတွဲ

ဇွန်လ ၁၉ရက်နေ့တွင် စတင်ထုတ်လွှင်ခဲ့သော Backstreet Rookie ဇာတ်လမ်းတွဲဟာ အပိုင်း(၁)ထုတ်လွှင့်မှု အပြီးတွင် တောင်ကိုရီးယားအင်တာနက်အသုံးပြုသူများကြား ဝေဖန်မှုများရရှိခဲ့ပါတယ်။

အပိုင်းသစ်ထုတ်လွှင့်ပြီး မိနစ် ၂ဝအကြာတွင် ခေါင်းဆောင်မင်းသား Ji Chang Wook ကို မင်းသမီး Kim Yoo Jung မှ နမ်းခဲ့ပါတယ်။ ထိုအခန်းနှင့်ပက်သက်၍ များစွာအပြောခံနေရပါတယ်။ အထက်တန်းကျောင်းသူဖြစ်သည့် Saet Byeol (Kim Yoo Jung) ဟာ Dae Hyun (Ji Chang Wook) အား တွေ့ဆုံပြီး မိနစ်ပိုင်းအကြာမှာ နမ်းခဲ့တာပဲဖြစ်ပါတယ်။

ဒါကိုပရိတ်သတ်များက အထက်တန်းကျောင်းသူတစ်ဦးအနေနဲ့ ကိုယ့်ထက် အသက် ၁၂နှစ်ခန့်ကြီးသော အရွယ်ရောက်ပြီးသူကို နမ်းတာဟာ မလုပ်သင့်သည့် လုပ်ရပတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။ကျောင်းသား၊ ကျောင်းသူများ အတုယူလွဲမှားစေနိုင်ပြီး မိသားစုနှင့်အတူတူကြည့်ဖို့ပင် မသင့်တော်ဟုဆိုပြီး ပြောဆိုနေကြတာပါ။

နောက်ထပ်တစ်ခုတော့ ကင်မရာရိုက်ကူးပုံနှင့်ပက်သက်၍ပဲ ဖြစ်ပါတယ်။ မင်းသမီး Kim Yoo Jung အားတိုလွန်းသည့်စကပ်များ ဝတ်စေခဲ့ပြီး ကင်မရာရိုက်ကူးပုံမှာလည်း အမျိုးသမီးများ၏အောက်ပိုင်းကို အသားပေးရိုက်ကူးထားသည်ဆိုပြီး ပြောဆိုနေကြတာပါ။

ထိုကဲ့သို့မျိုးဝေဖန်မှုများ ရခဲ့သော်လည်း Backstreet Rookie စစထုတ်လွှင့်ချင်းမှာပင် ကြည့်ရှုသူနှုန်း 6.3% ရခဲ့ပါတယ်။အခုချိန်ထိတော့ထုတ်လုပ်ရေးလက်ကတော့ ဝေဖန်မှုများနှင့်ပက်သက်၍ ဘာဖြေရှင်းချက်မှတော့ မပေးသေးပါ။ ကြည့်ရှုပြီးသွားသည့် ပရိတ်သတ်ကြီးရော ဇာတ်လမ်းတွဲအပေါ်ဘယ်လိုမြင်မိပါသလဲ။ ကိုယ်ရဲ့အမြင်လေးကို comments section တွင် ပြောပြနိုင်ပါတယ်နော်။

Source: Koreaboo, Jazminemedia
Written: Phoo Phoo

Share