Michael Jackson ပြီးနောက် ဂျပန်နိုင်ငံ Oricon’s Album Chart ကိုဦးဆောင်လာတဲ့ BTS အဖွဲ့

BTS ကတော့ ဂျပန်နိုင်ငံ Oricon chart မှာ မှတ်တိုင် အသစ် စိုက်ထူလိုက်နိုင်ပြန်ပါပီ။ ဇွန်လ ၁၉ ရက်နေ့မှာတော့ ဂျပန်နိုင်ငံရဲ့ music chart ဖြစ်တဲ့ Oricon က BTS ဟာ ၂၀၂၀ ပထမနှစ်ဝက်ရဲ့ album ရောင်းအားအကောင်းဆုံး အနုပညာရှင်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Oricon ရဲ့ပြောကြားချက်အရတော့ BTS ရဲ့ နောက်ဆုံးထွက် album ဖြစ်တဲ့ ” Map of the Soul: 7″ ဟာ ဂျပန်နိုင်ငံတွင်း ရောင်းအား ၄၂၉,၀၀၀ ရောင်းခဲ့ရပြီး နံပါတ် (၁) နေရာကို ယူထားနိင်ခဲ့ပါတယ်တဲ့။

လွန်ခဲ့တဲ့ ၂၀၁၉ မှာတော့ BTS ဟာ သူတို့ရဲ့ ” Map of the Soul: Persona” နဲ့ နံပါတ်(၃) နေရာမှာ ရှိနေခဲ့တာပါ။ ဒီအောင်မြင်ဟာ BTS ကိုမှတ်တိုင်အသစ်တစ်ခုစိုက်ထူပေးနိုင်ခဲ့ပါတယ်။

ဒါဟာ နိင်ငံခြားအနုပညာရှင်တစ်ယောက် Oricon’s Albumn chart မှာ ပထမနှစ်ဝက်အတွက် နံပါတ် (၁) နေရယူနိုင်ခဲ့တာဟာ Michael Jackson ပီးနောက် (၃၆) နှစ်အတွင်း ပထမဆုံးဖြစ်ခဲ့ပါတယ်။ Michael Jackson ဟာ ၁၉၈၄ ခုနှစ်မှာ ” Thriller” နဲ့ မှတ်တိုင်ထူထားခဲ့တာပါ။

BTS ဟာ သူတို့ရဲ့ စတုတ္ထမြောက် ဂျပန် album ” Map of Soul: 7″ ကို ဇူလိုင် ၁၅ တွင် ထွက်ရှိမယ်လို့လည်း ကြေညာထားပါတယ်။ BTS ရဲ့ အံ့အားသင့်စရာ အောင်မြင်မှုတွေကတော့ တကယ့်ကို ဂုဏ်ယူစရာပါပဲနော်။

Source: Soompi
Written:Gyi Gyi

Share