နာမည်ကျော်ကြားသော Kpop idol များနှင့် အနုပညာရှင်များတွင် သူတို့အားကာကွယ်ပေးတတ်သည့် ဘောဒီဂတ်များရှိပါတယ်။ Bodyguard ဆိုလျှင်တော့ များသောအားဖြင့် တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားကြပြီး Idol များဘေးတွင် အသင့်အနေအထားနှင့် အမြဲရှိနေသည့်သူများပင် ဖြစ်ပါတယ်။ ခုဖော်ပြပေးမည့်သူများကတော့ နာမည်ကြီး Idol များကိုကာကွယ်ပေးနေသည့် ပရိတ်သတ်များချစ်သော ဘော်ဒီဂတ်များပဲ ဖြစ်ပါတယ်။
1.Choi Jae Ho
Choi Jae Ho ဟာ Big Bang အဖွဲ့ကို ကာကွယ်ပေးရသည့်သူပဲ ဖြစ်ပါတယ်။ သူဟာ အဖွဲ့ဝင်အားလုံးကို အမြဲသေသေချာချာ ကာကွယ်ပေးခဲ့ပြီး များသောအားဖြင့် G-Dragon ဘေးတွင် တွေ့ရတတ်ပါတယ်။ ပရိတ်သတ်များက သူ့၏ Big Bang အဖွဲ့အား အမြဲတမ်းကြိုးကြိုးစားစား ကာကွယ်ပေးမှုများကြောင့် ချစ်ခင်ကြပါတယ်။
2.Han Ji Min
Han Ji Min ကတော့ Girls’ generation အဖွဲ့ဝင် Taeyeon အားသီးသန့်ကာကွယ်ပေးရသူပင် ဖြစ်ပါတယ်။ Han Ji Min ဟာ Taeyeon ၏ဘေးတွင် အမြဲတမ်းကာကွယ်ပေးနေမှုကြောင့် သာမက သူ့၏ကြည့်ကောင်းလှသော ခန္တာကိုယ်၊ရုပ်ရည်တို့ကြောင့် နာမည်ကြီးပါတယ်။ သူ၏ရည်ရည်နှင့် ရဲရင်မှုကြောင့် မိန်းကလေးပရိတ်သတ် အတော်များများလည်း ရှိနေပါတယ်။
3.Mr.Jeong
မင်းသား Kim Hyun Joong တွင်တော့ စူးရှပြတ်သားသော မျက်လုံးနှင့် ခိုင်မာသောbody ကိုပိုင်ဆိုင်ထားသည့် Mr.Jeong ဆိုသည့် ဘော်ဒီဂတ်တစ်ဦး ရှိပါတယ်။သူ့၏ ဖြောင့်မတ်သောရုပ်ရည်နှင့် တည်ကြည်သောပုံစံများကြောင့် ပရိတ်သတ်များမှ သတိထားမိကြတာပဲ ဖြစ်ပါတယ်။
4.Bodyguard Kim
ဘောဒီဂတ် Kim ကိုတော့ CNBLUE နှင့် FT Island အဖွဲ့ကို ပွဲအတော်များများတွင် bodyguard အဖြစ်တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ သူဟာကြည့်ကောင်းသည့်ရုပ်ရည်နှင့် body ကိုပိုင်ဆိုင်သည့်အပြင် သူ့၏အမြဲတမ်း ဖြတ်လတ်စွာကာကွယ်ပေးမှုများကြောင့် ပရိတ်သတ်များကြားတွင် နာမည်ကြီးပါတယ်။
5.Mr. Park
Mr Park ကတော့ ဘောဒီဂတ်များထဲတွင် နာမည်အကြီးဆုံးသူလို့ပြောရပါမယ်။ သူဟာ IU၏ ပင်တိုင်ဘောဒီဂတ်တစ်ဦးလည်းဖြစ်ပါတယ်။ သေးသေးကွေးကွေးလေးဖြစ်သည့် IU ကို Mr.Park လိုလူကောင်ကြီးကြီး ဘောဒီဂတ်နှင့်အတူ အမြဲတွဲမြင်ရတတ်ပါတယ်။
IU နှင့် Mr.park တို့၏ ဆက်ဆံရေးမှာလည်း ချစ်စရာကောင်းလှပါတယ်။ ဦးလေးနှင့်တူမလိုဆက်ဆံရေးမျိုးဖြစ်နေသည်ဟု ပရိတ်သတ်များက ချစ်စနိုးဖြင့် ပြောဆိုကြပါတယ်။ Mr.Park ဟာ IU ကိုအမြဲတစေ အရိပ်တကြည့်ကြည့်နှင့် ကာကွယ်ပေးမှုကြောင့် ပရိတ်သတ်များ၏ အချစ်ကိုရရှိထားသည့် ဘော်ဒီဂတ်လည်းဖြစ်ပါတယ်။
ယခုဖော်ပြပေးလိုက်သည့် ဘော်ဒီဂတ်များကတော့ Kpop idolများကို အန္တရယ်၊အထိအခိုက်မရှိရအောင် ကာကွယ်ပေးနေသည့်အတွက် ပရိတ်သတ်များ၏ လေးစားချစ်ခင်ကြခြင်းကို ရရှိထားသည့်သူများပဲ ဖြစ်ပါတယ်။ နောက်တွင်လည်း ထိုကဲ့သို့စိတ်ဝင်စားဖို့ကောင်းသည့် အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမည်။ အချိန်ပေး၍ဖတ်ရှုမှုကို ကျေးဇူးအထူးတင်ပါတယ်။
Source:koreank, Soompi,koreaboo
Written:Gyi Gyi