မိန်းကလေးတစ်ယောက်ဟာ သူမရဲ့မင်္ဂလာပွဲနေ့မှာအလှဆုံးလို့အဆိုရှိပါတယ်။ နဂိုလှပြီးသားကိုရီးယားမင်းသမီးလေးတွေက သူတို့မင်္ဂလာပွဲနေ့မှာနတ်သမီးလေးတွေတမျှ တောက်ပခဲ့တာကို ပုံနဲ့တကွစုစည်းပြီးဖော်ပြလိုက်ရပါတယ်။
၁။ Lee Young Ae
ချန်ဂင်ရယ်လို့ပရိတ်သတ်ရင်ထဲမှာနေရာအခိုင်အမာရထားတဲ့မင်းသမီးကြီး Lee Young Ae က ၂၀၀၉ ခုနှစ်မှာ အမေရိကန်-ကိုရီးယားလူမျိုးစီးပွားရေးလုပ်ငန်းရှင် Jeong Ho Yeong နဲ့တခမ်းတနားလက်ထပ်ခဲ့ပြီး ယခုအချိန်မှာ သားလေးတစ်ယောက်သမီးလေးတစ်ယောက်ထွန်းကားနေပါပြီ။
၂။ Jun Ji Hyun
ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Choi Joon Hyuk နဲ့သူမတို့ရဲ့လက်ထပ်ပွဲကိုလည်း အနုပညာရှင်တွေ မိသားစုဝင်တွေအများကြီးကတက်ရောက်ချီးမြှင့်ခဲ့ပြီး ယခုချစ်စရာကလေးနှစ်ယောက်တောင် ရနေပါပြီ။ ရုပ်ရှင်တွေထဲမှာအမြဲလှနေတဲ့ Jun Ji Hyun ကသူမမင်္ဂလာပွဲမှာလည်း ရှုမငြီးအောင်လှနေခဲ့တာကို ပုံတွေကသက်သေပြနေပါတယ်။
၃။ Kim Tae hee
ပရိတ်သတ်အချစ်တော် Kim Tae hee ကသူမလိုအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rain နဲ့ ၂၀၁၂ မှာမေတ္တာမျှပြီး ၂၀၁၇ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ အရိုးဆုံးကအဆန်းဆုံးဆိုတဲ့စကားအတိုင်း မင်္ဂလာဝတ်စုံကိုရိုးရိုးရှင်းရှင်းဆင်မြန်းပြီးအလှဆုံးဖြစ်နေခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။
၄။ Song Hye Kyo
Song-song couple အကြောင်းကိုတော့မသိသူရှိမယ်မထင်ပါဘူး။ Descendant of the Sun ဇာတ်လမ်းတွဲအပြီးမှာတွဲခဲ့ကြတဲ့ သူမနဲ့ Song Joong Ko ဟာ ၂၀၁၇ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့လမ်းခွဲခဲ့ကြပေမယ့် မင်္ဂလာဆောင်ဓာတ်ပုံတွေကိုအလွမ်းပြေဖော်ပြပေးလိုက်ပါတယ်။
၅။ Kim Hee Sun
Kim Hee Sun က၂၀၀၇ ခုနှစ်မှာစီးပွားရေးလုပ်ငန်းရှင် Park Shin Young နဲ့လက်ထပ်ခဲ့ပြီး ယခုသမီးလေးတစ်ယောက်ရနေပါပြီ။ သူမရဲ့လက်ထပ်ပွဲဓာတ်ပုံတွေဟာလည်း နှစ်ခါပြန်ငေးယူရလောက်အောင်လှပလွန်းနေပါတယ်နော်။
၆။ Lee Hyori
Lee Hyori ကရော့တေးဂီတအဖွဲ့ရဲ့ ပင်တိုင်ဂီတာသမား Lee Sang Soon နဲ့ ၂၀၁၃ ခုနှစ်ကလက်ဆက်ခဲ့ပါတယ်။ ဂီတသမားအချင်းချင်းလိုက်ဖက်ညီလှတဲ့သူတို့နှစ်ဦးရဲ့အချစ်တွေက မင်္ဂလာနေ့မှာ သတို့သမီးလေးအလှဆုံးဖြစ်နေအောင် ပံ့ပိုးပေးခဲ့ပါတယ်။
source : Top Korean News
written : helra