မင်းသားကဲ့သို့ချောလွန်းသည့်အတွက် မိန်းကလေးများကြားတွင်ရေပန်းစားနေသော တောင်ကိုရီးယား ဘောလုံးသမားလေး Jeong Seungwon

Jeong Seungwon ဟာတောင်ကိုရီးယား Daegu FCတွင် တာဝန်ယူကစားပေးနေသည့် ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။သူ့ကို ၁၉၉ရခုနှစ် ဖေဖေါ်ဝါရီလ ၂၂ရက်တွင် Jeonju မြို့တွင် မွေးဖွားခဲ့ပါတယ်။

အသက်အားဖြင့်တော့ ၂၃နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ အရပ်အမောင်းမှာတော့ 5′ 7″ ရှိပြီး ခန္တကိုယ်အလေးချိန်မှာတော့ 68kg ရှိပါယ်။ သူဟာတောင်ကိုရီးယား Daegu Fcအသင်း၏ ကွင်းလယ်ကစားသမားလည်းဖြစ်ပါတယ်။

သူ၏ပထမဆုံးပွဲစဉ်ကတော့ ၂၀၁ရခုနှစ်၊မေလ ၆ရက်နေ့တွင် Daegu Fc အသင်း၏လူစားထိုးအဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။သူဟာချောမောသောရပ်ရည်အပြင် ထူးချွန်သည့်ဘောလုံးကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် Korean FA Cup တွင်(Winners) အနိုင်ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်၏ K league awards တွင် စံကာတင်စာရင်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ Jeong Seungwon ဟာမိန်းကလေးပရိတ်သတ် အခိုင်အမာရရှိထားသူပါ။

သူ့ကိုအချို့က မင်းသား(သို့) kpop idol တောင်လုပ်စေချင်နေကြတာပါ။ သူ့ပရိတ်သတ်များကတော့ သူ့ကိုချစ်စနိုးဖြင့် ဘောလုံးမင်းသားလေးလို့တောင် ခေါ်ကြပါတယ်။ Jeong Seungwon ဟာအမှန်တကယ်လည်း မင်းသားတစ်ယောက်ဖြစ်နိုင်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်းထားတာပါ။

ပွဲအတွင်းမှာ ချွေးသံတစ်လုံးလုံးနှင့် ကစားနေလျှင်တောင် ကြည့်ကောင်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်သူပါဝင်ကစားသည့်ပွဲတိုင်းတွင်လည်း အားပေးသည့် မိန်းကလေးပရိတ်သတ်က များပြားနေသည်မှာ ထူးဆန်းသည့်ကိစ္စတော့မဟုတ်ပါ။

ပရိတ်သတ်ကြီးလည်း Korea ကိုရောက်ဖြစ်သည်ရှိသော် Jeong Seungwon ပါဝင်ကစားသည့် ဘောလုံးပွဲကို ဆက်ဆက်သွားအားပေးလိုက်ပါနော်။ နောက်တွင်လည်း စိတ်ဝင်စားစရာကောင်းသော သတင်းများကို ဆက်လက်တင်ဆက်ပါဦးမည်။ အချိန်ပေး၍ ဖတ်ရှုပေးမှုကိုကျေးဇူးအထူးတင်ပါသည်။

Source: kstarlive
Written: Phoo Phoo

Share