အနုပညာမှာအောင်မြင်သလို မိသားစုအပေါ်လဲ တာဝန်ကျေပွန်တဲ့ K အနုပညာရှင် ဖခင်များ (အပိုင်း ၁)

ဒီနေ့ကတော့ အားလုံးသိကြသလို ဖခင်များနေ့ဖြစ်တာကြောင့် ကေဒရမ်မာချစ်သူတွေအနေနဲ့ အနုပညာမှာအောင်မြင်ရုံတင်မကပဲ သားသမီးတွေအတွက်လဲ စံပြဖခင်ကောင်းဖြစ်တဲ့ ကိုရီးယားက အနုပညာရှင်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Ji Sung


မင်းသမီး Lee Bo Young ရဲ့ခင်ပွန်းဖြစ်ပြီး ချစ်စရာသားသမီးလေးတွေရဲ့ ဖခင်ဖြစ်တဲ့ မင်းသား Ji Sung ဟာ မိသားစုအပေါ် ချစ်ခြင်းမေတ္တာအပြည့်ပေးနိုင်ပြီး တာဝန်ကျေသူပါ။ ဇနီးနဲ့ သားသမီးတွေအတွက် အရက်ပါဖြတ်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။

Song Il Kook


စံပြဖခင်တွေအကြောင်းပြောရင် Song Il Kook ကိုတော့ ချန်ထားလို့ ဘယ်ဖြစ်ပါ့မလဲနော်။ အားလုံးရဲ့အချစ်တော် အမြွာလေးသုံးယောက်ကို မညီးမညူ မေတ္တာအပြည့်နဲ့ ထိန်းကျောင်းပေး နည်းစနစ်ကျကျသွန်သင်ပေးတာမို​့ ပြည်သူ့ဖခင်ကြီးလို့တောင် ချစ်စနိုးခေါ်ကြပါတယ်။

Yoo Jae Suk


​Nation’s MC မို့ အလုပ်အချိန်ဇယားတွေနဲ့ မအားလပ်တဲ့ Yoo Jae Suk ဟာ သားအကြီးကို သူများတွေလို အတူတူမလည်ပတ်ပေးနိုင်တာကြောင့် အားနာတယ်လို့ဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အလုပ်တွေပြီးတာနဲ့ သားနဲ့သမီးငယ်လေးကိုတွေ့ဖို့ အိမ်ကိုအမြန်ပြန်လေ့ရှိပါတယ်တဲ့။

Tablo


သမီးရူးလို့ခေါ်ကြတဲ့အထိ သမီးဖြစ်သူ Haru လေးကို ချစ်ခင်ဂရုစိုက်သူတစ်ဦးဖြစ်ပါတယ်။ Epik High အဖွဲ့ဝင်ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ Hip Hop ဆရာကြီးဖြစ်သလို မိသားစုအတွက်လဲ တာဝန်မလစ်ဟင်းတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပါပဲ။

FTIsland’s Minhwan


အသက်ငယ်ငယ်ရွယ်ရွယ် အောင်မြင်မှုအထွတ်အထိပ်ရောက်နေချိန်မှာ မိသားစုလေးကို တာဝန်ယူတည်ဆောက်ခဲ့ပြီး အခုချိန်မှာဂီတအလုပ်တွေလုပ်ရင်း ဇနီးချောလေး Yulhee ရယ် သားလေးရယ် သမီးအမြွာလေးနှစ်ယောက်ရယ်နဲ့ ပျော်ရွှင်စွာနေထိုင်နေပါတယ်။

Gary


Running Man အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ Gary ကတော့ သာမာန်ပြည်သူဇနီးနဲ့လက်ထပ်ပြီး Hao လို့ခေါ်တဲ့ ချစ်စရာသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ Hao နဲ့ဖေဖေ Gary တို့ရဲ့ ကြည်နူးစရာအခိုက်အတန့်လေးတွေကိုတော့ Return of Superman မှာတွေ့နိုင်ပါတယ်။

ဒါကတော့ ဖခင်များနေ့အထူးအစီအစဉ်အနေနဲ့ K အနုပညာရှင်တွေ အများကြီးထဲကမှ ဖခင်ကောင်းအဖြစ်ရပ်တည်နေကြသူတွေကို အပိုင်း (၂) ပိုင်းခွဲပြီး ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီစူပါဖေဖေတွေကိုတော့ အားလုံးလဲ လေးစားချစ်ခင်ကြမယ်လို့ ထင်ပါတယ်နော်။

written : Dar Dar

Share