အေဂျင်စီတွေရဲ့ ဖိအားပေးမှုကြောင့် အဖွဲ့ရုပ်သိမ်းလိုက်ရတဲ့ Kpop အဖွဲ့ ၅ ဖွဲ့

ယခုဖော်ပြပေးသွားမယ့် Kpop အဖွဲ့တွေကတော့ အဖွဲ့ဝင်ရဲ့ဆန္ဒအလျောက် မဟုတ်ပဲ အေဂျင်စီတွေရဲ့ အတင်းအကျပ်ဖိအားပေးမှုကြောင့် ရုပ်သိမ်းလိုက်ရတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

1. X1

Produce X 101 အစီအစဉ်မှ X1 ကတော့ ပွဲဦးထွက်ပီး ၅ လ အကြာမှာပဲ အဖွဲ့ရုပ်သိမ်းခဲ့ရတာပါ။ X1 အဖွဲ့ဟာ Produce 101 အစီအစဉ်များရဲ့ မဲလိမ်မှု ပြသနာများ ကြီးထွားပေါ်ပေါက်လာမှုကြောင့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် Member များရဲ့ အေဂျင်စီများဟာ အစည်း​ဝေးထိုင်ခဲ့ပြီး အဖွဲ့ရဲ့အနာဂတ်အတွက် အဖွဲ့အနေနဲ့ ဆက်ရှိသင့် မရှိသင့်မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။ မဲရလဒ်အရတော့ Member တွေရဲ့ ဆန္ဒမပါပဲ X1 အဖွဲ့ကို ဖျက်သိမ်းဖို့ဖြစ်လာခဲ့ပါတော့တယ်။

2. 4 Minute

၂၀၁၆ ခုနှစ်မှာတော့ 4 Minute အဖွဲ့ဟာ အဖွဲ့ဝင်တွေရဲ့ သူမတို့ရဲ့အနာဂတ်အပေါ်ထားရှိတဲ့ မတူညီတဲ့ အတွေးများကြောင့် အဖွဲ့ဖျက်သိမ်းလိုက်ရပါတယ် ဆိုတဲ့ သတင်းများနဲ့အတူ 4 Minute အဖွဲ့ကို ရုပ်သိမ်းခဲ့ပါတယ်။

သို့သော် နောက်ဆက်တွဲ သတင်းများအရတော့ 4 Minute အဖွဲ့ဖျက်သိမ်းတဲ့ အကြောင်းအရင်းအစစ်အမှန်ကတော့ အေဂျင်စီ Cube Entertainment ရဲ့ အကျိုးအမြတ်မရရှိနိုင်တော့တဲ့ အဖွဲ့ဟု သုံးသပ်ခဲ့တာကြောင့် ဖျက်သိမ်းခဲ့တယ်လို့ပဲဖြစ်ပါတယ်။

3. B.A.P

TS Entertainment ကတော့ B.A.P အဖွဲ့ရဲ့ အနာဂတ်ကို ဆိုးရွားတဲ့ ဆက်ဆံမှုများနဲ့ ပျက်စီးအောင်လုပ်လိုက်တာပါပဲ။ ဒါ့ကြောင့်လည်း B.A.P အဖွဲ့ဝင်တွေဟာ TS Entertainment အပေါ် တရားစွဲသည်အထိ ဖြစ်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ အဖွဲ့ဝင်အားလုံးဟာ အေဂျင်စီမှ ထွက်ခဲ့တဲ့အတွက် အဖွဲ့ဟာ ရုပ်သိမ်းခဲ့ရပါတယ်။

4. Stellar

အမျိုးသမီးအဖွဲ့ Stellar ၏ သီချင်းများရဲ့ ပုံစံကတော့ မူလက ချစ်စရာပုံစံများနဲ့ ပွဲဦးထွက်ခဲ့တာပါ။ သို့သော် အေဂျင်စီမှ Sexy ပုံစံ နှင့် အမျိုးသားထုကို မြူဆွယ်သော သီချင်းပုံစံများ အဖြစ်ပြောင်းလဲဖို့ ဖိအားပေးချင်းခံခဲ့ရပါတယ်။

အဖွဲ့ဝင်တွေရဲ့ ဆန္ဒမပါပဲ Music video များအတွက် လိင်ပိုင်းဆိုင်ရာအသားပေးအခန်းများ ရိုက်ဖို့အတွက် ဖိအားပေးခံခဲ့ရပါတယ်။ ဒါကြောင့်လည်း အဖွဲ့ဝင်များဟာ အေဂျင်စီမှ နှုတ်ထွက်ခဲ့ကြတဲ့အတွက် Stellar အဖွဲ့ဟာ ဖျက်သိမ်းဖို့ ဖြစ်လာခဲ့ရပါတယ်။

5. Secret

Secret အဖွဲ့ကတော့ ကတော့ T.S Entertainment ရဲ့ ဆိုးရွားတဲ့ဆက်ဆံမှုတွေကြောင့် အဖွဲ့ဖျက်သိမ်းခဲ့ရတဲ့ အခြားအဖွဲ့တစ်ခုပါ။ အဖွဲ့ဝင်အများစုဟာ အေဂျင်စီကို လစာမပေးမှု စတဲ့ အကြောင်းပြချက်များနဲ့ တရားစွဲဆိုခဲ့ကြပါတယ်။ ဒါကြောင့်လည်း အဖွဲ့ဝင်များဟာ ဒီလိုဆက်ဆံမှုတွေကြောင့် အေဂျင်စီမှ နှုတ်ထွက်ခဲ့ပီး Secret အဖွဲ့ဟာလည်း ရုပ်သိမ်းခဲ့ရပါတယ်။

Source: Koreaboo
Written: Gyi Gyi

Share