စတင်ထုတ်လွှင့်ချိန်မှာပဲ ကြည့်ရှုနှုန်း နံပါတ် (၁) ဖြစ်သွားတဲ့ “It’s Okay Not To Be Okay”

ဂျွန်လ ၂၀ ရက်နေ့မှာတော့ မင်းသား Kim Soo Hyun နဲ့ မင်းသမီး Seo Ye Ji ရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ “It’s Okay To Not Be Okay” ကို စတင်ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း (၁) မှာတင် အောင်မြင်မှုတွေ သိမ်းကြုံးယူခဲ့တာပဲ ဖြစ်ပါတယ်။

ကြည့်ရှုနှုန်းအနေနဲ့ ပြည်တွင်းမှာ ၆.၁% ရှိပြီး နိုင်ငံတကာမှာ ၇.၀% နဲ့ cable ရုပ်သံလိုင်းတွေမှာ လက်ရှိပြသနေတဲ့ အစီအစဉ်တွေရဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံးအဖြစ် စံချိန်တင်လိုက်ပါတယ်။

ဇာတ်လမ်းတွဲကို ကြည့်ရှုသူတွေအများကြီးထဲမှာမှ အသက် ၂၀ ကနေ ၄၉ အထိ အမျိုးသမီးတွေက အများဆုံးဖြစ်တယ်လို့လဲ soompi သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဇာတ်လမ်းတွဲအစမှာကတည်းက Kim Soo Hyun နဲ့ Seo Ye Ji ရဲ့ သရုပ်ဆောင်မှုဟာ ချီးကျူးခံခဲ့ရတာမို့ အတော်လေး တာထွက်ကောင်းတဲ့ ဇာတ်လမ်းတွဲပါပဲ။ ပထမပိုင်းကိုကြည့်လိုက်တာနဲ့ ဆက်ကြည့်ချင်စေတယ်ဆိုတဲ့ မှတ်ချက်တွေလဲ တွေ့ရပါတယ်။

ဒီလိုအောင်မြင်မှုရတာဟာ မင်းသားနဲ့မင်းသမီးရဲ့ အောင်မြင်မှုတွေကြောင့်သာမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ညွှန်းရဲ့ ဆွဲဆောင်မှုနဲ့ မင်းသားမင်းသမီးရဲ့ ဇာတ်ကောင်နဲ့ကွက်တိကျတဲ့ သရုပ်ဆောင်မှုကလဲ ပံ့ပိုးပေးနေတာကြောင့်ပါ။ မင်းသမီး Seo Ye Ji ရဲ့ ဖက်ရှင်တွေကလဲ ရေပန်းစားလာဦးမယ်လို့ ခန့်မှန်းရပါတယ်။

Myanmar Cele Bar ပရိတ်သတ်တွေရော Kim Soo Hyun နဲ့ Seo Ye Ji တို့ရဲ့ ဇာတ်လမ်းတွဲအသစ်ကိ​ု ကြည့်ပြီးသွားကြပြီလားဟင်? ဘယ်အခန်းကိုအကြိုက်ဆုံးဖြစ်ပြီး ဘယ်လိုအခန်းလေးတွေ ဆက်မြင်ရဖို့ မျှော်နေကြပြီလဲဆိုတာ သဘောထားလေးတွေ ပြောပြပေးသွားကြပါဦးနော်။

source: Soompi
written: Dar Dar

Share