ချစ်သူဖြစ်တဲ့ Sooyoung ကြောင့်သာ ဒီလိုလူမျိုးဖြစ်လာရတာဆိုတဲ့ Jung Kyung Ho

မကြာသေးမီက ထွက်ရှိထားတဲ့ Hospital Playlist ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချော Jung Kyung Ho ဟာ လက်တွေ့ဘဝမှာ Girls’ Generation အဖွဲ့ဝင် အလှလေး Sooyoung နဲ့အားကျစရာအချစ်ရေးကိ​ု ပိုင်ဆိုင်ထားတယ်ဆိုတာ အားလုံးသိကြမှာပါ။

Marie Clarie မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာတော့ Jung Kyung Ho ဟာ သူ့ရဲ့ချစ်သူက သူ့ဘဝအပေါ် ကောင်းမွန်တဲ့လွှမ်းမိုးမှုတွေရှိတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ “အခုလက်ရှိ Jung Kyung Ho ဖြစ်လာအောင် ဘယ်သူက ဖန်တီးပေးတယ်လို့ထင်လဲ” ဆိုတဲ့မေးခွန်းကို မင်းသားက အခုလိုပဲဖြေကြားခဲ့တာပါ။

“ကျွန်တော် လူတစ်ယောက်တည်းနဲ့ပဲ တွဲလာတာ ရှစ်နှစ်တောင်ရှိပြီ။ အဲ့ဒီတော့ ကျွန်တော်အခုလိုလူမျိုးဖြစ်လာအောင် Sooyoung ကပဲ ဖန်တီးပေးခဲ့တယ်ထင်တယ်။

သူလုပ်သင့်တယ်လို့ပြောတဲ့အရာတွေကို ကျွန်တော်လိုက်လုပ်တယ်။ ဥပမာ အရက်အများကြီးမသောက်ဖို့ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ဖို့ပေါ့။ သူမလုပ်နဲ့လို့ပြောတာတွေကို ရှောင်တယ်။ ကျွန်တော့် ကောင်မလေးပြောသမျှကို နားထောင်တာပါပဲ။”

Jung Kyung Ho ရဲ့ ချစ်သူမိန်းကလေးအပေါ် အခုလိုအလေးထားမှုကိုတော့ ပရိတ်သတ်တွေက လေးစားမဆုံးဖြစ်နေကြပြီး ချစ်သူသက်တမ်း ၈ နှစ်အထိ ဒီလိုချစ်လာကြပုံကိုလဲ အားကျနေကြပါတယ်။ တကယ်ကိုအေးချမ်းတဲ့စုံတွဲလေးမို့ မင်္ဂလာသတင်းကိုလဲ စောင့်မျှော်နေကြပါတယ်နော်။

source: Marie Clarie
written: Dar Dar

Share