ကွာရှင်းပြီးနောက် ပထမဆုံးအကြိမ်လူလုံးထွက်ပြတဲ့အနေနဲ့ Chunsa ရုပ်ရှင်ဆုပေးပွဲတက်ခဲ့တဲ့ Gu Hye Sun

Gu Hye Sun ဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Ahn Jae Hyun နဲ့ ၂၀၁၉ ခုနှစ်ထဲမှာ ကွာရှင်းပြတ်စဲပြီးနောက်မှာ ပရိတ်သတ်တွေက သူမရဲ့ အခြေအနေကိုစိတ်ပူခဲ့ကြပါတယ်။

၂၀၁၉ စက်တင်ဘာ ၁ ရက်နေ့ကသူမရဲ့ Instagram စာမျက်နှာမှာလည်း အားပြန်မွေးဖို့ ရှပ်ရှင်လောကကနေ ခေတ္တအနားယူဖို့လိုတယ်လို့ရေးသားခဲ့လို့ ပရိတ်သတ်တွေကတိုးပြီး စိတ်ပူခဲ့ကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာကျင်းပခဲ့တဲ့ ၂၅ ကြိမ်မြောက် Chunsa ရုပ်ရှင်ဆုပေးပွဲမှာ သူမကိုဒိုင်လူကြီး နဲ့အစီအစဉ်တင်ဆက်သူ အဖြစ်ပြန်တွေ့ခဲ့ကြရပါတယ်။ တောက်ပတဲ့ သူမမျက်နှာပေါ်ကအပြုံးကိုမြင်ပြီးတဲ့နောက် ပရိတ်သတ်တွေက အခြေအနေတိုးတက်ကောင်းမွန်လာပြီဆိုပြီးစိတ်အေးခဲ့ကြပါတယ်။

သူမက ဒီပွဲမှာဒိုင်လူကြီးအနေနဲ့ပါဝင်ရတာ ဂုဏ်ယူပါတယ်လို့လဲ ဆိုခဲ့ပါသေးတယ်။ ဒီပွဲကို Lee Byung Hun, Lee Young Ae စတဲ့အနုပညာရှင်ကြီးတွေလည်းတက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

source : allkpop
written : helra

Share