Dilraba Dilmurat ရဲ့ အနုပညာသက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး ဇာတ်လမ်းတွဲများ (အပိုင်း ၁)

နှာတံစင်းစင်းလေးနဲ့ တရုတ်မင်းသမီးချောလေး Dilraba ကိုချစ်တဲ့ မြန်မာပရိတ်သတ်တွေရောရှိကြလား? သူမက uyghur လူမျိုးမင်းသမီးအနေနဲ့လည်း ထင်ရှားပါတယ်နော်။ ယခုသူမရဲ့အနုပညာသက်တမ်းတစ်လျှောက်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲပထမအပိုင်းကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Anarhan


၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီဇာတ်လမ်းတွဲလေးကသူမကို uyghurလူမျိုးအနေနဲ့ပရိတ်သတ်တွေသတိထားမိစေခဲ့တဲ့ ဇာတ်လမ်းလေးပါ။ သူမကအဓိကသရုပ်ဆောင် anarhan အနေနဲ့ပါဝင်ခဲ့ပြီး ဒါကသူမရဲ့ပထမဆုံး စီးရီးပါတဲ့နော်။

၂။ V-love


ဒီဇာတ်လမ်းတွဲလေးက ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး အချစ်ဇာတ်လမ်းလေးပါ။ Yang Mi, Vengo Gao စတဲ့သရုပ်ဆောင်ကြီးတွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုမို့လို့ အကောင်းဆုံးစာရင်းထဲထည့်ရမယ့်ဇာတ်လမ်းတစ်ခုပါပဲ။

၃။ Pretty Li Hui Zhen


ဒီဇာတ်လမ်းလေးကလည်း အချစ်ဟာသဇာတ်လမ်းတွဲလေးဖြစ်ပြီး သူမကအဓိကဇာတ်ဆောင် Li Hui Zhen အနေနဲ့ပါဝင်ခဲ့ပါတယ်။ သူမရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေက ပရိတ်သတ်တွေရဲ့အချစ်ကိုအမြောက်အများလက်ခံရခဲ့ပါတယ်။

၄။ The King’s Woman


ဒီဇာတ်လမ်းထဲမှာVin Zhang နဲ့ Dilireba တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေက ပြောစမှတ်တွင်ရလောက်အောင်ပါပဲ။ မင်ကြီး Ying Zheng (Vin Zheng) ကိုမချစ်မိအောင်ကြိုးစားရင်းချစ်မိသွားပုံကို ရင်နင့်ဖွယ်သရုပ်ဖော်သွားခဲ့ပုံက reba ကိုပရိတ်သတ်ရင်ထဲ နေရာအခိုင်အမာရအောင်ကူညီပေးခဲ့ပါတယ်။

၅။ Ten Miles of Peach blossoms


Dilireba ရဲ့စီးရီးတွေအကြောင်းပြောရင်မြေခွေးမလေးပိုင်ဖုန်းကျိုကိုချန်ခဲ့လို့မဖြစ်ပါဘူးနော်။ သူမရဲ့ချစ်စရာအမူအရာ၊အသံလေးတွေနဲ့ အမြီးကိုးချောင်းမြေခွေးမလေးအဖြစ်ပီပီသသ သရုပ်ဆောင်ခဲ့ပါတယ်။ ယခုဖော်ပြခဲ့တာတွေက Dilireba ရဲ့အောင်မြင်ခဲ့တဲ့ဇာတ်လမ်း ပထမအပိုင်းပဲဖြစ်ပါတယ်။ ကျန်ရှိတဲ့အပိုင်းကိုနောင်ဆက်လက်ဖော်ပြပေးသွားပါမယ်နော်။

source : sabrina
written : helra

Share