Running Man အပိုင်းသစ်တွင် ပရိတ်သတ်များကြိုက်နှစ်သည့် ကစားနည်းပြန်ပါလာမည်

ယခုအပတ်ထုတ်လွှင့်မည့် Running Man အပိုင်းသစ်စဟာဆိုရင် ပရိတ်သတ်များအကြိုက်များခဲ့သော ကစားနည်းတစ်ခုဖြစ်သည့် Superpower themed ပဲဖြစ်ပါတယ်။ Superpower themed ဆိုတာဟာ Running Man အဖွဲ့ဝင်များ အရင်က ကစားဖူးခဲ့ပြီး ပရိတ်သတ်များ၏ ကြိုက်နှစ်သက်ခြင်းကို ရရှိခဲ့ပါတယ်။

အဖွဲ့ဝင်တိုင်းမှာ ကိုယ်ပိုင် superpower(အစွမ်း)ရှိနေပြီး များရှိနေပြီး ထိုစွမ်းအင်များကို အသုံးပြုပြီး game ကစားရတာပဲ ဖြစ်ပါတယ်။ ယခုဇွန်လ ၂၈ရက်နေ့တွင် ထုတ်လွှင်မည့် အပိုင်းမှာကိုတော့ Superpower Race: End Game လို့အမည်ပေးထားတာပဲ ဖြစ်ပါတယ်။

Running Man ဟာ ထုတ်လွှင့်ခဲ့ဖူးသောအပိုင်းများတွင်လည်း ထိုကဲ့သို့ super power များကိုသုံပြီး နောက်ဆုံးအထိအသက်ရှင်ကျန်ရှိသူက အနိုင်ရသည့်ပုံစံမျိုးဖြင့် ကစားခဲ့ဖူးပါတယ်။ ထိုကဲ့သို်ကစားနည်းများပါဝင်ခဲ့သော Running Man အပိုင်းမျဟာ ကြည်ရှုသူနှုန်းလည်းမြင့်ခဲ့သလို လူကြိုက်လည်းများခဲ့ပါတယ်။

အဆိုပါအပိုင်းတွင်တော့ မင်းသမီး Kang Han Na နှင့် Running Man ၏မိသားစုဝင်လို့တောင်ပြောလို့ရသော မင်းသား Lee Sang Yeob တို့မှ guest အဖြစ်ပါဝင်ကစားမှာပဲ ဖြစ်ပါတယ်။

နမူနာဗီဒီယိုတွင်တော့ အဖွဲ့ဝင်တစ်ယောက်ချင်းစီဟာ တစ်ခုခုကိုသောက်ပြီးနောက် Super power ရခဲ့ပြီး တစ်ယောက်၏ super power ကိုတစ်ယောက်မှ သိရှိအောင် Name tag များကိုခွာပြီး ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အချို့ပရိတ်သတ်များကတော့ Avengers heros များ၏ စွမ်းအင်မျိုးများဖြင့်ကစားချင်စေချင်ပါတယ်။ဒီအပတ်ကတော့ ကျိန်းသေပေါက်ပရိတ်သတ်များကို ပျော်ရွှင်စေရမယ်လို့လည်း ပြောထားပါတယ်။ဒါကြောင့်မို့ပရိတ်သတ်ကြီးလည်း ထွက်ရှိလာလျှင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတာကို ကျေးဇူးတင်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share