ထိပ်တန်းအနုပညာရှင်အချင်းချင်း လက်ထပ်ထားသည့် တောင်ကိုရီယား၏ နာမည်ကြီးစုံတွဲများ

အနုပညာရှင်များဟာ တစ်ခါတလေမှာ သူတို့နှင့်အလုပ်တွဲဖက်လုပ်ကိုင်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည်ဖူးစာဆုံလေ့ရှိပါတယ်။ ယခုဖော်ပြပေးမည့်သူများကတော့ သူတို့ကိုယ်တိုင်လည်း ဒိတ်ဒိတ်ကြဲ မင်းသား၊မင်းသမီးဖြစ်သလို လက်ထပ်ထားသည့်ပါတနာကလည်း အောင်မြင်ကျော်ကြားသော အနုပညာရှင်များပဲ ဖြစ်ပါတယ်။

1.Song Hye Kyo & Song Joong Ki


Song Hye Kyo နှင့် Song Joong Ki တို့ကတော့ Descendants of the sun ဇာတ်လမ်းတွဲအပြီးမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။တောင်ကိုရီးယား၏ နာမည်အကြီးဆုံး အနုပညာရှင်နှစ်ယောက်မှ ဖူးစာဆုံခဲ့သည့်အတွက် လူတိုင်းအားကျခဲ့ရပါတယ်။သို့သော် ၂၀၁၉ခုနှစ်တွင်တော့ ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။

2.Park Soo Jin & Bae Young Jun


နာမည်ကြီးမင်းသမီးဖြစ်သလို မိန်းကလေးအဆိုတော် အဖွဲ့ဝင်ဟောင်းဖြစ်သည့် Park Soo Jin ဟာ မင်းသား Bae Young Jun နှင့် ၂၀၁၅ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ယခုဆိုလျှင်တော့ သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။

3.Lee Min Jung & Lee Byung Hun


မင်းသား Lee Byung Hun နှင့် မင်းသမီး Lee Min Jung တို့ကတော့ ၂၀၁၃ခုနှစ်တွင်လက်ထပ်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင် သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။အသက် ၁၂နှစ်ကွာခဲ့သော်လည်း ပျော်ရွှင်စရာကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြပါတယ်။

4.Kim Tae Hee & Rain


မင်းသမီး Kim Tae Hee နှင့် မင်းသား Rain တို့ကတော့ ၅နှစ်ခန့် ချစ်သူဖြစ်လာပြီးနောက် ၂၀၁ရခုနှစ်တွင်လက်ထပ်ခဲ့ကြတာပါ။ယခုဆိုလျှင်တော့ ကလေးနှစ်ယောက်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။

5.Lee Bo Young & Ji Sung


မင်းသမီး Lee Bo Young နှင့် မင်းသား Ji Sung တို့ဟာ ၂ဝဝ၄ခုနှစ်မှာတွေ့ဆုံခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ချစ်သူတွေဖြစ်နေကြောင်း ဝန်ခံလိုက်ကြပါတယ်။၂၀၁၃ခုနှစ်တွင်တော့ လက်ထပ်ခဲ့ပြီး ယခုဆိုလျှင်တော့ ကလေးနှစ်ယောက် ပိုင်ဆိုင်ထားကြပါပြီ။

6.Lee Na Young & Won Bin


မင်းသမီး Lee Na Young နှင့် မင်းသား Won Bin တို့ဟာ အေဂျင်စီတစ်ခုထဲမှ မင်းသား၊မင်းသမီးပဲ ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်တွင်တော့ လက်ထပ်ခဲ့ပြီး ယခုဆိုလျှင်တော့ သားတစ်ယောက် ရှိနေပါပြီ။

7.Ko So Young & Jang Dong Gun


မင်းသမီးလည်းဖြစ်၊ မော်ဒယ်တစ်ဦးလည်းဖြစ်သည့် Ko So Young ဟာသူ့ခေတ်သူ့အခါမှာတော့ အောင်မြင်ဆုံး မင်းသမီးတစ်လတ် ဖြစ်ခဲ့ပါတယ်။သူမဟာ တောင်ကိုရီးယား၏ နာမည်ကြီးဆုံးမင်းသားတစ်ဦးဖြစ်သော Jang Dong Gun နှင့် ဖူးစားဆုံခဲ့ပါတယ်။၂၀၁ဝခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက်နှင့် ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါပြီ။

8.Kim Nam Joo & Kim Seung Woo


Kim Nam Joo နှင့် Kim Seung Woo တို့ဟာ ၂၀၀၅ခုနှစ်တွင် လက်ထပ်ထားသည့် နာမည်ကြီးစုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ကလေးနှစ်ယောက်နှင့် ပျော်စရာမိသားစုလေးကို ထူထောင်ထားပါတယ်။

ယခုဖော်ပြပေးလိုက်တာကတော့ တောင်ကိုရီးယား၏ ဒိတ်ဒိတ်ကြဲ စုံတွဲများပဲ ဖြစ်ပါတယ်။ နောက်တွင်လည်း စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများကို ဖော်ပြပေးပါဦးမည်။အချိန်ပေး၍ ဖတ်ရှုမှုကို ကျေးဇူးတင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share