တချိန်ကအရမ်းချစ်ခဲ့ကြသော်လည်း ယခုအချိန်မှာတော့ လမ်းခွဲပြတ်စဲသွားကြပြီဖြစ်သော အနုပညာရှင်စုံတွဲများ

ထာဝရဆိုတာ တကယ်ဖြစ်နိုင်ရဲ့လားလို့ ပရိတ်သတ်များကိုအတွေးဝင်စေခဲ့သော တောင်ကိုရီးယားစုံတွဲများရှိပါတယ်။ ချစ်သူတွေဖြစ်ကြတယ်၊ အချို့ကတော့လက်ထက်တယ် ပြီးနောက်ကွာရှင်းပြတ်စဲခဲ့ကြတယ်။ အချို့ကတော့ လက်ထပ်သည့်အဆင့်တောင်မရောက်လိုက်ဘဲ ကျောခိုင်းခဲ့ကြတယ်။

ဘဝဟာအမှန်တကယ်ကို ဘာမှကြိုတွက်လို့မရနိုင်တာပါ။တသက်လုံးအတူတူနေသွားမယ်လို့ စိတ်ကူးထားကြပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြရပါတယ်။ခုဖော်ပြပေးမည့် စုံတွဲများကတော့ ပရိတ်သတ်များအနှာမြောဆုံး လမ်းခွဲခဲ့သည့် စုံတွဲများပဲ ဖြစ်ပါတယ်။

1.Song Joong Ki and Song Hye Kyo (June 2019)

ဒီစုံတွဲဟာ Descendants of the sun ဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ၂၀၁၆ခုနှစ် ရွှေလက်တွဲခဲ့ပြီး New York မှာပင်သူတို့နှစ်ဦး၏ Romantic ဆန်ဆန် ညစာစားခဲ့ကြသည့် ဓာတ်ပုံများလည်း ထွက်ခဲ့ဖူးပါတယ်။

သူတို့နှစ်ဦးတွဲနေတယ်လို့ သတင်းထွက်ထွက်ချင်းမှာတော့ နှစ်ဦးစလုံး၏ အေဂျင်စီများက ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းတွင်တော့ ချစ်သူတွေဖြစ်နေပြီလို့ တရားဝင်ပြောကြားခဲ့ပြီး 2017ခုနှစ် ဇူလိုင်လတွင်စေ့စပ်ခဲ့ကြပါတယ်။

2017ခုနှစ် အောက်တိုဘာ 31 တွင်တော့ လူအများအားကျရလောက်သည့် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခု ဆင်နွှဲခဲ့ကြပါတယ်။ထို့နောက်တွင်တော့ 2019ခုနှစ် ဇွန်လ 27 ရက်နေ့တွင်တော့ သတင်းဆိုးတစ်ခုကို ပရိတ်သတ်အား အသိပေးခဲ့ပါတယ်။

နှစ်ဦးစလုံးသဘောထားချင်းမတိုက်ဆိုင်ဘဲ၊ အကျင့်စရိုက်ချင်း မတူညီသည့်အတွက် ကွာရှင်းတော့မည် ဆိုသည့်သတင်းပဲ ဖြစ်ပါတယ်။ထိုသတင်းဟာတစ်ကမ္ဘာလုံးရှိ ပရိတ်သတ်များအား တုန်လုှပ်သွားစေခဲ့ပါတယ်။ သူတို့အတွဲအား ပြန်ပေါင်းထုတ်စေချင်သော ပရိတ်သတ်အများစုလည်း ယခုအချိန်အထိ ရှိနေပါသေးသည်။

2.Goo Hye-sun and Ahn Jae Hyun

သူတို့နှစ်ဦးကတော့ Blood ဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာ ချစ်သူတွေဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ လူအများအားကျရလောက်သည့် စုံတွဲတစ်တွဲလည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင်တော့ သူတို့နှစ်ဦးဟာ ဝမ်းအနည်းရဆုံး လမ်းခွဲမှုမျိုးနှင့်အဆုံးသတ်ခဲ့ပါတယ်။

တစ်ဦးနှင့်တစ်ဦးဘယ်သူကမှားသည်ဟု အချင်းချင်း အပြစ်တင်ပြောဆိုကြရင်း ပရိတ်သတ်ကို ရင်နာစေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတွင်တော့ သူတို့နှစ်ဦး၏ ဇာတ်လမ်းကလည်း အဆုံးသတ်ခဲ့ပါပြီ။

3.Lee Sung Kyung and Nan Joo Hyuk

မော်ဒယ်များအဖြစ် အတူတူလုပ်ခဲ့ကြသော သူတို့သူငယ်ချင်းနှစ်ဦးဟာ weightlifting fairy kim bok joo ဇာတ်လမ်းတွဲအပြီးမှာတော့ ချစ်သူတွေဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။

သို့သော် 2017ခုနှစ် သြဂုတ်လတွင်တော့ သူတို့၏ Namlee ဆက်ဆံရေး ပြီးဆုံးသွားပြီဟု ကြေငြာခဲ့ပါတယ်။ ပရိတ်သတ်များ သဘောအတူဆုံး အတွဲတစ်တွဲလည်း ဖြစ်ခဲ့သည့်အတွက် သူတို့နှစ်ဦး၏ လမ်းခွဲမှုအတွက် ဝမ်းနည်းပေးခဲ့သူများစွာရှိခဲ့ပါတယ်။

4.Lee Min Ho and Bae Suzy

Suzy နှင့် Lee Min Ho ဟာ ၂၀၁၅ခုနှစ်တွင် ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ဦး၏ London တွင် စုံတွဲခုတ်နေသည့် ဓာတ်ပုံများပျံနှ့ံခဲ့ပြီးသည့်နောက်တွင်မှ သူတို့ဟာချစ်သူတွေ ဖြစ်နေကြောင်းဝန်ခံခဲ့ကြတာပါ။ ထိုကဲ့သို့တွဲလာခဲ့ပြီး ၂နှစ်အကြာ ၂၀၁၇ ခုနှစ်တွင်တော့ လမ်းခွဲပတ်စဲသွားပြီလို့ တရားဝင်ပြောကြားလိုက်ကြပါတယ်။

ပရိတ်သတ်များကတော့ သူတို့လမ်းခွဲရသည့် အကြောင်းအရင်းကတော့ ထိုအချိန်ကမင်းသား Lee Min Ho ဟာစစ်တပ်ထဲ ဝင်ရမည်ဖြစ်သောကြောင့်ဟု ထင်ကြပါတယ်။မည်သို့ပင်ဆိုစေကာမှု သူတို့နှစ်ဦး၏ လမ်းခွဲသည်ဟုသည့် သတင်းဟာလည်း ပရိတ်သတ်များကို ဝမ်းနည်းစေခဲ့ပါတယ်။

လူတစ်ဦးနှင့် တစ်ဦးအချိန်အတော်ကြာ အတူတူရှိနေဖို့ဆိုဟာ အလွန်ခက်ခဲသည့်ကိစ္စတစ်ခုပါ။ သဘောတရားခြင်းမတိုက်ဆိုင်မှု၊ အကျင့်စရိုက်မတူညီမှုစသည်တို့ကို နားလည်ခွင့်လွှတ်ပေးပြီးရှေ့ဆက်နိုင်မှသာ အချိန်အတော်ကြာ အတူတူရှိကြမှာပဲဖြစ်ပါတယ်။

ယခုဖော်ပြပေးခဲ့သည့် စုံတွဲများကတော့ အဆိုပါသဘောတရားများကို မကျော်လွှားနိုင်သောကြောင့် အချင်းချင်းကျောခိုင်းခဲ့ရသူများပဲ ဖြစ်ပါတယ်။ နောက်တွင်လည်း စိတ်ဝင်စားစရာကောင်းသော သတင်းများကို ဆက်လက်ဖော်ပြပါဦးမည်။အချိန်ပေး၍ ဖတ်ရှုမှုကို ကျေးဇူးအထူးတင်ပါတယ်။

Source: Kdrama stars
Written: Phoo Phoo

Share