ပလတ်စတစ်ဆာဂျရီဆရာဝန်များ ကိုယ်တိုင်ထောက်ခံချက်ပေးထားတဲ့ ပြီးပြည့်စုံတဲ့ မျက်ဝန်းပိုင်ရှင်များ

ကိုရီးယားနိုင်ငံမှာ ခွဲစိတ်ပြုပြင်မှုတွေခေတ်စားလာတာနဲ့အမျှ သူတို့စံထားပြီးခွဲစိတ်ရတဲ့မျက်နှာအစိတ်အပိုင်းတွေလည်းခေတ်စားလာပါတယ်။ ဒါကြောင့် ဆရာဝန်တွေပြောပြတဲ့ မျက်လုံးအလှဆုံးမင်းသား သုံးဦးကိုဖော်ပြလိုက်ပါတယ်။

BTS’s V


ဆရာဝန်တွေရဲ့ ၁၈%က BTS အဖွဲ့ရဲ့ Vကိုရွေးချယ်ခဲ့ပါတယ်။ သူတို့ဆက်လက်ဖော်ပြခဲ့တာက ပလတ်စတစ်ဆာဂျရီဆေးခန်းတွေမှာ V ရဲ့မျက်လုံးပုံစံမျိုးခွဲစိတ်ပေးပါလို့တောင်းဆိုသူအများအပြားရှိပါသတဲ့။ ဒါပေမယ့်သူ့ရဲ့တမူထူးလှတဲ့မျက်လုံးပုံစံဟာခွဲစိတ်ဖို့မဖြစ်နိုင်တာကြောင့် BTS ရဲ့ V ကသူ့ရဲ့မျက်လုံးပုံစံကိုတစ်ဦးတည်းပိုင်ဆိုင်ထားသူပါ။

ASTRO’s Cha Eun Woo


မဲပေါင်း ၄၅% ရခဲ့တဲ့ Cha Eun Wooရဲ့မျက်လုံးတွေကလည်း ဆရာဝန်တွေတော်တော်နှစ်ခြိုက်ပုံရပါတယ်။ သူရဲ့မျက်ရစ်နှစ်ထပ်က ကိုရီးယားလူမျိုးအများစုသဘောကျတဲ့ပုံစံဖြစ်ပြီး သူ့မျက်လုံးတွေဟာသူ့မျက်နှာနဲ့ အချိုးကျလိုက်ဖက်လွန်းတယ်လို့ ချီးကျူးခဲ့ကြပါတယ်။

Seo Kang Joon


၅၄%တောင်ထောက်ခံချက်ရခဲ့တဲ့ မင်းသား Seo Kang Joon ရဲ့မျက်လုံးကိုတော့ ဆရာဝန်တွေရော ခွဲစိတ်မယ့်လူနာတွေကပါသဘောအကျဆုံးပါတဲ့။ သူ့ဆီမှာလည်း မျက်ရစ်နှစ်ထပ်ရှိပြီးသူ့မျက်လုံးတွေက ထူးထူးခြားခြားနူးညံတဲ့ခံစားမှုကိုပေးတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

source : koreaboo
written : helra

Share