၂၀၀၀ ခုနှစ်အစောပိုင်းတွေက နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ချစ်စရာကလေးမလေးတွေအဖြစ် တွေ့မြင်ခဲ့ရတဲ့ ဒီကလေးငယ်လေးသုံးဦးဟာ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတွေဖြစ်နေကြပါပြီ။ အစွမ်းကုန်ဖူးပွင့်လာတဲ့ ပန်းကလေးတွေလို့ တင်စားရတဲ့အထိ လှပစွာကြီးပြင်းလာကြတာပါ။ သူတို့သုံးယောက်က ဘယ်သူတွေလဲဆိုတာတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။
Kim So Hyun
အသက်လေးနှစ်အရွယ်တည်းက အနုပညာနဲ့ အကျွမ်းတဝင်ရှိခဲ့တဲ့ ပရိတ်သတ်အချစ်တော် ဘဲပေါက်လေးဟာ အခုချိန်မှာတော့ နာမည်ကျော်ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်လမ်းတွဲများစွာ ရိုက်ကူးနေပါပြီ။
ငယ်ဘဝကတည်းက ချစ်စရာကောင်းပြီး သရုပ်ဆောင်ထူးချွန်တဲ့သူမဟာ အရွယ်ရောက်လာတော့လဲ မင်းသမီးချောလေးဖြစ်လာသလို သရုပ်ဆောင်ပိုလို့တောင်ကောင်းလာပါသေးတယ်။ Tale of Nokdu, Love Alarm တို့လို ကျော်ကြားတဲ့ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးပါ။ အသက် ၂၁ နှစ်ရှိပါပြီ။
Kim Yoo Jung
ငယ်ငယ်လေးကတည်းက အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ကောင်းတဲ့ စကားတတ်လွန်းတဲ့ကလေးမလေးဟာ အခုချိန်မှာလဲ ထိပ်တန်းမင်းသားတွေနဲ့တွဲဖက်ရိုက်ကူးရတဲ့ အကျော်အမော် မင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။ ပရိတ်သတ်တွေက ကလေးလေးလို ချစ်လို့မဝသေးပေမယ့် သူမကတော့ အသက် ၂၀ အရွယ် မိန်းမလှလေးအဖြစ် ပြောင်းလဲနေပါပြီ။
လောလောဆယ်မှာ Backstreet Rookie ဇာတ်လမ်းတွဲကို မင်းသား Ji Chang Wook နဲ့အတူ ရိုက်ကူးနေပြီး ထိုဇာတ်လမ်းထဲမှာ သူ့ရဲ့ချစ်စဖွယ်လဲကောင်း ဆွဲဆောင်မှုလဲရှိတဲ့ အလှတရားကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာပါ။
Kim Sae Ron
“A Brand New Life” ဇာတ်လမ်းတွဲနဲ့ မြန်မာပရိတ်သတ်တွေ သဲသဲလှုပ်ချစ်ခဲ့ရတဲ့ Kim Sae Ron လေးဟာလဲ အခုချိန်မှာ အောင်မြင်တဲ့ ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ဂုဏ်ယူစရာကောင်းစွာ ကြီးပြင်းလာတာပါ။
ငယ်ငယ်လေးကတည်းက ထင်ပေါ်ခဲ့တဲ့ သူ့ရဲ့အလှကလဲ အခုလိုအရွယ်ရောက်လာချိန်မှာ အစွမ်းကုန်ဖူးပွင့်ပြီး အားလုံးငေးကြည့်ရအောင် လှသွေးကြွယ်နေပါတယ်။ “Mirror of the Witch” နဲ့ “Leverage” တို့ဟာ သူခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခဲ့တဲ့ အထင်ကရဇာတ်လမ်းတွဲတွေပါ။ ကြော်ငြာပေါင်းများစွာလဲ ရိုက်ကူးခဲ့ပါတယ်။
ပရိတ်သတ်တွေလဲ တစ်ချိန်က ကလေးသရုပ်ဆောင် လက်ရှိမှာခေါင်းဆောင်မင်းသမီးအဖြစ် အောင်မြင်နေကြတဲ့ ဒီ Kim မျိုးနွယ် မိန်းမလှလေး (၃) ဦးကို ချစ်ကြမယ်လို့ထင်ပါတယ်။ သူတို့ထဲက ဘယ်သူရဲ့ဘယ်ဇာတ်လမ်းတွဲကို အကြိုက်ဆုံးလဲဆိုတာကိုလဲ ပြောပြပေးသွားကြပါဦးနော်။
written : Dar Dar