2PM အဖွဲ့ဝင် Taecyeon ဟာ ချစ်သူရနေပြီဖြစ်ကြောင်း တရားဝင်ပြောကြလိုက်ပါပြီ

Xportnews ၏ပြောကြားချက်အရ Taecyeon ဟာယခုလက်ရှိမှာတော့ Relationship နဲ့ဖြစ်နေပါပြီပဲ ဖြစ်ပါတယ်။သူ့၏ချစ်သူကတော့ အနုပညာနယ်ပယ်ထဲက မဟုတ်ပါဘူး။သို့ပင်မဲ့ အရမ်းလှပတယ်လို့ နာမည်ထွက်နေပါတယ်။

မကြာသေးမီကပင် Taecyeon ဟာ Pyeongchang မှာရှိသည့် ခြံတစ်ခုကို သွားခဲ့ပါတယ်။အကြောင်းအရင်းကတော့ ချစ်သူနှင့် date တာပဲ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦး စုံတွဲခုတ်နေကြတာကို မြင်တဲ့သူလည်းရှိပါတယ်။

ထိုသူတွေရဲ့ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ အခြားစုံတွဲများလိုပင် သူတို့၏ date ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသည့်ပုံပါတဲ့။ Taecyeon ဟာလည်း မကြာခဏဆိုသလို သူ့ချစ်သူကို သွားတွေ့နေသည်ဆိုပြီး သတင်းများလည်း ကြားရပါတယ်။

Taecyeon ၏အေဂျင်စီဖြစ်သော 51k မှလည်း အဆိုပါသတင်းနှင့် ပက်သက်၍ အတည်ပြုပြောကြားလိုက်ပါပြီ။ သူတို့၏ ပြောကြားချက်ကတော့ “Taecyeon ဟာချစ်သူရနေပြီဆိုတာ အမှန်ပါပဲ။သူ့ချစ်သူကတော့ အနုပညာလောထဲက မဟုတ်ပါဘူး”လို့ ထုတ်ပြန်လိုက်ပါတယ်။

ပရိတ်သတ်များကတော့ Taecyeon ၏ချစ်သူဘယ်သူဆိုတာကို အရမ်းသိချင်နေပါတယ်။ ထို့အပြင် ပရိတ်သတ်များက Taecyeon ချစ်သူရပြီဆိုသည့်သတင်းနှင့် ပက်သက်၍ ဂုဏ်ပြုဆုမွန်ကောင်းစကားများလည်း ပြောပေးနေကြပါသေးသည်။

(Zawgyi) 2PM အဖြဲ႕ဝင္ Taecyeon ဟာ ခ်စ္သူရေနၿပီျဖစ္ေၾကာင္း တရားဝင္ေျပာၾကလိုက္ပါၿပီ

Xportnews ၏ေျပာၾကားခ်က္အရ Taecyeon ဟာယခုလက္ရွိမွာေတာ့ Relationship နဲ႔ျဖစ္ေနပါၿပီပဲ ျဖစ္ပါတယ္။သူ႔၏ခ်စ္သူကေတာ့ အႏုပညာနယ္ပယ္ထဲက မဟုတ္ပါဘူး။သို႔ပင္မဲ့ အရမ္းလွပတယ္လို႔ နာမည္ထြက္ေနပါတယ္။

မၾကာေသးမီကပင္ Taecyeon ဟာ Pyeongchang မွာရွိသည့္ ၿခံတစ္ခုကို သြားခဲ့ပါတယ္။အေၾကာင္းအရင္းကေတာ့ ခ်စ္သူႏွင့္ date တာပဲ ျဖစ္ပါတယ္။ သူတို႔ခ်စ္သူႏွစ္ဦး စုံတြဲခုတ္ေနၾကတာကို ျမင္တဲ့သူလည္းရွိပါတယ္။

ထိုသူေတြရဲ့ ေျပာၾကားခ်က္အရ သူတို႔ႏွစ္ဦးဟာ အျခားစုံတြဲမ်ားလိုပင္ သူတို႔၏ date ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းေနသည့္ပုံပါတဲ့။ Taecyeon ဟာလည္း မၾကာခဏဆိုသလို သူ႔ခ်စ္သူကို သြားေတြ႕ေနသည္ဆိုၿပီး သတင္းမ်ားလည္း ၾကားရပါတယ္။

Taecyeon ၏ေအဂ်င္စီျဖစ္ေသာ 51k မွလည္း အဆိုပါသတင္းႏွင့္ ပက္သက္၍ အတည္ျပဳေျပာၾကားလိုက္ပါၿပီ။ သူတို႔၏ ေျပာၾကားခ်က္ကေတာ့ “Taecyeon ဟာခ်စ္သူရေနၿပီဆိုတာ အမွန္ပါပဲ။သူ႔ခ်စ္သူကေတာ့ အႏုပညာေလာထဲက မဟုတ္ပါဘူး”လို႔ ထုတ္ျပန္လိုက္ပါတယ္။

ပရိတ္သတ္မ်ားကေတာ့ Taecyeon ၏ခ်စ္သူဘယ္သူဆိုတာကို အရမ္းသိခ်င္ေနပါတယ္။ ထို႔အျပင္ ပရိတ္သတ္မ်ားက Taecyeon ခ်စ္သူရၿပီဆိုသည့္သတင္းႏွင့္ ပက္သက္၍ ဂုဏ္ျပဳဆုမြန္ေကာင္းစကားမ်ားလည္း ေျပာေပးေနၾကပါေသးသည္။

Source: Koreaboo
Written: Phoo Phoo

Share