ကိုရီးယားနိုင်ငံ လူဦးရေစုစုပေါင်းထက်များတဲ့ လူမှုကွန်ယက် Followers တွေရှိနေတဲ့ Lee Min Ho

အားလုံးရဲ့ အချစ်တော်ကြီး Lee Min Ho ရဲ့ လူမှုကွန်ယက် စုစုပေါင်း Follower အရေအတွက်ဟာ တောင်ကိုရီးယားနိုင်ငံ လူဦးရေထက်တောင် များပါသတဲ့။Lee Min Ho ရဲ့ အေဂျင်စီမှ စုဆောင်းထားတဲ့ သတင်းအချက်အလက်များအရ Lee Min Ho ရဲ့ လူမှုကွန်ယက်စုစုပေါင်း Follower အရေအတွက်ဟာ ၆၅.၄ သန်းရှိပါတယ်။

ဒီအရေအတွက်ကတော့ Lee Min Ho ရဲ့ လူမှုကွန်ယက် account တွေဖြစ်တဲ့ Facebook, Instagram, Weibo, Twitter အစရှိတဲ့ account အားလုံးပေါင်းရဲ့ Follower အရေအတွက်ပါ။

လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းကတော့ ၅၁ သန်းရှိပါတယ်။ ဒါကြောင့် ဒီအရေအတွက်ကို သိရတဲ့ ပရိသတ်အပေါင်းကတော့ Lee Min Ho ကျော်ကြားမှုအပေါ် တအံ့တဩ ဖြစ်ကြရပါတယ်။

အထူးသဖြင့် Facebook နဲ့ Weibo ရဲ့ Follower အရေအတွက်အရ Lee Min Ho ဟာ Facebook follower ၁၇ သန်းကျော် နဲ့ Weibo follower ၂၈ သန်းကျော်ရှိတဲ့အတွက် ယခု လူမှုကွန်ယက် နှစ်ခုမှာတော့ Follower အများဆုံးရှိတဲ့ တောင်ကိုရီးယား အနုပညာရှင်အဖြစ် ရပ်တည်နေပါတယ်။ မကြာသေးမီကတော့ Lee Min Ho ဟာ သူ့ရဲ့နောက်ဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “The King: Eternal Monarch” ကို ရိုက်ကူးပြီးစီးထားပါတယ်။

Source: SBS Star
Written:Gyi Gyi

Share