Kpop ပရိတ်သတ်တွေကြားမှာ အထူးရေပန်းစားတဲ့ True Beauty ဆိုတဲ့ webtoon ကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည် အသက်သွင်းရိုက်ကူးဖို့ကို အားလုံးစောင့်မျှော်နေကြတာပါ။ မင်းသားအနေနဲ့ Cha Eunwoo ပါဝင်မယ်လို့ သတင်းတွေထွက်လာအပြီးမှာ မင်းသမီးနေရာကို ဘယ်သူပါဝင်မလဲလို့ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။
ဂျွန်လ ၂၃ ရက်နေ့မှာတော့ မင်းသမီးချောလေး Moon Ga Young ပါဝင်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့လာပါတယ်။ ပါဝင်ဖြစ်မယ်ဆိုရင်တော့ နဂိုမလှပေမယ့် မိတ်ကပ်လိမ်းလိုက်တဲ့အခါ အားလုံးငေးယူရတဲ့ မိန်းမချောလေးအဖြစ် ပြောင်းလဲသွားတဲ့ Lim Joo Kyung နေရာမှာ သရုပ်ဆောင်ရမှာပါ။
Webtoon အနေနဲ့လဲ အရမ်းအောင်မြင်ခဲ့သလို ပါဝင်မယ့် မင်းသားမင်းသမီးတွေကလဲ အချောလေးတွေချည်းဖြစ်ပြီး Extraordinary You ကို ရိုက်ကူးခဲ့တဲ့ PD ရဲ့လက်ရာသစ်ဖြစ်မှာမို့ tvN ကနေ ဒီနှစ်မကုန်ခင်ထုတ်လွှင့်မယ့် ‘True Beauty’ ကို အားလုံးကတော့ စောင့်မျှော်နေပြီလို့ ထင်ပါတယ်။
source : allkpop
written: Dar Dar