လူထုကို ဩဇာလွှမ်းမိုးနိုင်ဆုံးသူ အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Xiao Zhan

TCCAsian ဆိုတဲ့ website ဟာ၂၀၂၀ ခုနှစ်အတွင်းမှာ လုထုအပေါ်ဩဇာလွှမ်းမိုးမှုအရှိဆုံးဆုအတွက်စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာ အနုပညာရှင် အတတ်ပညာရှင်ပေါင်း ၃၀၀ ကျော် ပါဝင်ရွေးချယ်ခံခဲ့ပြီး ပြည်သူပေါင်း သန်း တစ်ထောင်ကျော်ကမဲပေးရွေးချယ်ခဲ့တာပါ။

ဒီစစ်တမ်းမှာပြည်သူ့အချစ်တော် Xiao Zhan က လူထုကို ဩဇာလွှမ်းမိုးနိုင်ဆုံးသူ အဖြစ် ထိုက်ထိုက်တန်တန်အရွေးချယ်ခံခဲ့ရပါတယ်။ သူရဲ့ချိုသာဖော်ရွေတဲ့လူမှုဆက်ဆံရေးကို ပရိတ်သတ်တွေကအချစ်ပိုနေရတာပါ။

ဒုတိယမဲအများဆုံးအနေနဲ့ Wang YiBo ကရွေးချယ်ခံခဲ့ရပြီး တတိယအနေနဲ့ Li WenHan ကရွေးချယ်ခံခဲ့ရပါတယ်။ Xiao Zhan နဲ့ Wang Yi Bo တို့ပရိတ်သတ်တွေလည်း သူတို့နှစ်ဦးလုံး top 3 ထဲပါလို့ ဂုဏ်ယူကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။

source : ZhanGeBoDi
written : helra

Share