စစ်မှုထမ်းတော့မည့်ရက် အတိအကျထွက်လာပြီဖြစ်သည့် မင်းသား Woo Do Hwan

The King ဇာတ်လမ်းတွဲမှာ Lee Min Ho နှင့်အတူတူတွဲဖက်ညီစွာ ပါဝင်သရုပ်ဆောင့်ခဲ့သည့် မင်းသား Woo Do Hwan ဟာဆိုရင်ဖြင့် စစ်မှုထမ်းရတော့မှာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၏ဥပဒေရ အရွယ်ရောက်ပြီးသား မည်သည့်အမျိုးသားမဆို တသက်တွင်တခါ မဖြစ်မနေစစ်မှုထမ်းရတာပဲ ဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ စစ်မှုထမ်းချိန်ဟာ ၂နှစ်ခန့်ကြာမြင့်ပါတယ်။ အဆိုပါကိစ္စရပ်ကို အနုပညာရှင်များလည်း ရှောင်လွဲ၍မရပါ။

ယခုဆိုလျှင်တော့ မင်းသား Woo Do Hwan ဟာ စစ်မှုထမ်းရတော့မှာပါ။ Sports Chosunမှ ပြောကြားချက်အရ ဇူလိုင် ၆ရက်နေ့တွင် မင်းသားဟာစစ်ထဲဝင်ရတော့မှာပဲ ဖြစ်ပါတယ်။

မင်းသားဟာ ၁၉၉၂ခုနှစ် ဇူလိုင် ၁၂ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ဒါကြောင့်လည်း နောက်နှစ်ဆိုရင်သူဟာ စစ်ထဲဝင်ရမည့် အသက်အရွယ်အပိုင်းအခြားကို ရောက်နေပါပြီ။ ကျန်ခဲ့သည့်မေလကတည်းက မင်းသားဟာ စစ်တပ်ထဲဝင်ရန် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေသည်ဟူသည့် သတင်းများထွက်ခဲ့တာပါ။

Woo Do Hwan ဟာမကြာသေးမီကမှ The King ဇာတ်လမ်းတွဲဖြင့် ပရိတ်သတ်၏အချစ်များကိုရရှိထားသူပဲ ဖြစ်ပါတယ်။ထို့ကြောင့်ပရိတ်သတ်အများစုကတော့ ယခုထွက်ရှိလာသည့် သတင်းနှင့်ပက်သက်၍ ဝမ်းနည်းနေကြပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ စစ်ထဲဝင်ပြီဆိုရင် အနုပညာလောကနှင့် ၂နှစ်ခန့်အဆက်အသွယ်ပြတ်သွားမှာပဲ ဖြစ်ပါတယ်။ ၂နှစ်တာကာလအတွင်းမှာတော့ မင်းသားနှင့် ပက်သက်သည့်အနုပညာလှုပ်ရှားမှုများကတော့ တခဏရပ်သွားမှာပါ။

Woo Do Hwan ၏အောင်မြင်ခဲ့သောရုပ်ရှင်များဖြစ်သည့် Save Me 1, Mad Dog စသည့် ဇာတ်လမ်းတွဲများကို ပြန်လည်ကြည့်ရှုရင်း သူစစ်မှုထမ်းသည့်တာဝန်ပြီးဆုံးသည်အထိ စောင့်ကြရင်း အားပေးကြရအောင်နော်။အချိန်ပေးပြီး ဖတ်ရှုမှုကိုကျေးဇူးတင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share